
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
တရုတ်နိုင်ငံက လာမယ့် (၅) နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖွယ်မရှိဘူးလို့ ဒီသီတင်းပတ်အ တွင်း ထုတ်ပြန်တဲ့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။
တရုတ်နိုင်ငံက တရားဉပဒေစိုးမိုးရေးနဲ့ တရုတ်စစ်တပ်ဉီးဆောင်တဲ့ ထိုင်ဝမ်ကို ပိတ်ဆို့မှုတစ်ခု လုပ် ဆောင်နိုင်စွမ်းရှိတယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) ရဲ့ စစ် တမ်းမှာပါဝင်တဲ့ ပညာရှင်တွေက ပြောပါတယ်။
ထိုင်ဝမ်က သမ္မတသစ် လိုင်ချင်တေးကို ရွေးကောက်ပြီးနောက် CSIS ရဲ့ China Power Project က “Surveying the Experts: U.S. and Taiwan Views on China’s Approach to Taiwan” လို့ အမည်ပေးထား တဲ့ စစ်တမ်းသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမတိုင်မီ အမေရိကန်နိုင်ငံမှ ပညာရှင် သို့မဟုတ် တာဝန်ရှိသူဟောင်း (၅၂) ဉီးနဲ့ ထိုင်ဝမ်မှ (၃၅) ဉီးကို နိုဝင်ဘာလ (၂၈) ရက်မှ ဒီဇင်ဘာလ (၁၅) ရက်အတွင်း စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။
စစ်တမ်းဖြေဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရ တရုတ်နိုင်ငံက လာမယ့် (၅) နှစ်အတွင်း ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်ဖွယ်မရှိဘဲ ပိတ်ဆို့မှုသာပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံကသာ ဝင်ရောက်စွက်ဖက်မှုမပြုလုပ်ရင် ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုကို (၃) လ သာ တောင့်ခံနိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တရုတ်နိုင်ငံက လာမယ့် (၅) နှစ်အတွင်း ထိုင်ဝမ်ကို ကုန်း၊ရေနှစ်သွယ်ဖြင့် ကျူးကျော်သိမ်းပိုက်မှု စတင် နိုင်တဲ့ စစ်ရေးစွမ်းပကားရှိတယ်ဆိုတာကို အမေရိကန်နိုင်ငံမှ ဖြေကြားသူ (၂၆) ရာခိုင်နှုန်းနဲ့ ထိုင်ဝမ်မှဖြေကြားသူ (၁၇) ရာခိုင်နှုန်းက သဘောတူပါတယ်။
တရုတ်က ထိုင်ဝမ်ပဋိပက္ခအတွင်း အမေရိကန် သို့မဟုတ် ညွန့်ပေါင်းအဖွဲ့ကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လိုတဲ့ဆန္ဒရှိတယ်လို့ အမေရိကန်နိုင်ငံမှ ဖြေကြားသူရဲ့ (၄၄) ရာခိုင်နှုန်းက ယူဆပါတယ်။
တရုတ်နိုင်ငံက ပူးတွဲ ရေကြောင်း၊ လေကြောင်းနဲ့ ထိုင်ဝမ်ကို ပိတ်ဆို့မှုပြုလုပ်ပါက အမေရိကန်နိုင်ငံက ကူညီမယ်လို့ ထိုင်ဝမ်မှ ပညာရှင် (၁၁) ရာခိုင်နှုန်းက မယုံကြည်ပါဘူး။
ဒီစစ်တမ်းကြောင့် ထိုင်ဝမ်ပြည်သူတွေက မျှော်လင့်ချက် ဆုံးရှုံးပြီး ပြန်လည်ပေါင်းစည်းရေးကသာ တစ်ခု တည်းသော ရွေးချယ်စရာလို့ ခံစားစေပါတယ်။ တရုတ်နိုင်ငံအတွက်လည်း အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို ကာ ကွယ်ပေးမယ်လို့ သံသယအနည်းငယ် ရှိစေပါတယ်လို့ စစ်တမ်းပြုစုသူတွေက ပြောပါတယ်။
ကိုးကား – RFA
Ref; China unlikely to invade Taiwan in next 5 years: survey