
အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်(မရာ)တို့ ပူးပေါင်းလုံခြုံရေးဆောင်ရွက်နေသည့် ကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲဘော် နှစ်ဦး ကျဆုံးကာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
လိုင်လင်းပီမြို့ရှိ CNA နှင့် CDF(မရာ)တို့ လုံခြုံရေး ကင်းစခန်းကို ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မရာလဲန်းကာကွယ်ရေးတပ်(MDF)တပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းသိရသည်။
“လိုင်လင်းပီက လုံခြုံရေး ကင်းစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်အား အလုံးရင်းနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတော့ ရဲဘော်အချို့ ထိခိုက် သေဆုံးရှိတာပေါ့။ အပြန်အလှန်ပစ်ခတ်မူ ခဏလေးအတွင်းပါဘဲ အခုတော့ အခြေနေ ငြိမ်သွားပါပြီး “ဟု ချင်းအမျိုးသားတပ်မတော် (CNA)နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ပစ်ခတ်မူတွင် CNA တပ်ကြပ်ကြီး ကျော်ကျော် နှင့် CDF(မရာ) ဒုတပ်ခွဲမှူး St. Beichhua Tlai တို့ ကျဆုံးပြီး ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလတွင်း CDF(မရာ) ဗျူဟာမှူး၊ တပ်ရင်းမှူးအပါဝင် ရဲဘော် ခြောက်ဦးကို MDF မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
လိုင်လင်းပီမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် CNF/CNA၊ CDF(မရာ)၊ CDF(မတူပီ)၊ CDF(ထန်တလန်)၊ CDF(ဇိုဖေ)နှင့် CDF(လောက်တူ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ရရှိထားသည်။
ဓာတ်ပုံ- ပစ်ခတ်မူအတွင်း ကျဆုံးသွားသည့် CDF(မရာ) ဒုတပ်ခွဲမှူး
#လိုင်လင်းပီ #CNACDF #ကင်းစခန်းတိုက်ခိုက်ခံရ #MDF #Ayeyarwaddy_Times