ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝန်ထမ်းများအား ငွေပေးမှသာ အစားအသောက်၊ဆေးဝါးများပေးပို့ခွင့်ရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များထံကသိရသည်။

“ထောင်ဝင်စာတွေ့ဖို့အတွက်ကို ခဏလေးပဲရတယ်။ အစားအသောက်တွပေးလို့ သူတို့သတ်မှတ်ထားတဲ့အတိုင်းဖြစ်ရင်တောင်မှမရဘူး။ အနည်းဆုံးထောင်ဝန်ထမ်းတစ်ယောက်ကို ငွေ နှစ်သောင်းလောက်ပေးမှပဲ ပို့ခွင့်ရတယ်။မဟုတ်ရင်ထောင်ဝင်စာတွေပယ်တယ်ဆိုပြီးတော့ သိမ်းခံရတာခဏခဏပဲ”ဟု နိုင်ငံအကျဉ်းသား မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ထောင်ဝင်စာအတွက်အကျဉ်းထောင်ဝန်ထမ်းများ၏ ငွေကြေးတောင်းခံမှုကြောင့် မိသားစုဝင်များမှာ ငွေကြေးအခက်အခဲများဖြင့်ကြုံတွေ့ရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များထံကသိရသည်။

“ငွေနှစ်ခါကုန်တာပေါ့။ ထောင်ဝင်စာအတွက်လည်းကုန်ကျစရိတ်ရှိတာကိုမပြောလိုဘူး။ ထောင်ဝန်ထမ်းတွေ ငွေတောင်းတဲ့ကိစ္စကျတော့ မပေးနိုင်ရင်လည်း ထောင်ဝင်စာပို့ခွင့်မရမှာစိတ်ပူရတယ်။ သူများအပူစာတွေစားနိုင်တာကိုတော့မအံ့ဩတော့ဘူး”ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးကဆိုသည်။

ထို့အပြင်ထောင်ဝင်စာတွေ့ဆုံအချိန်အတွက်အချိန်၁၅မိနစ်သာတွေ့ခွင့်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများဧည့်တွေ့နေစဉ် ထောင်ဝန်ထမ်းများအနေဖြင့်အနီးကပ်စောင့်ကြည့်ရန် ထောင်ပိုင်မှ ထောင်ဦးစီးအရာရှိ ဥဦးသန်းဇော်ဝင်းသို့ညွှန်ကြားထားကြောင်း သိရသည်။

စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ် မေလမှ ယခုနှစ် ဇန်နဝါရီလအထိ သုံးနှစ်နီးပါးအတွင်းင်္ဟသာတအကျဉ်းထောင်တွင် နိုင်ငံရေးနှင့် ဆက်စပ်ဖမ်းဆီးခံရသူ ၂၅၀ခန့်တွင် စစ်ကောင်စီ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်ခဲ့သူ ၅၀ ခန့်သာရှိခဲ့ပြီး နိုင်ငံအကျဉ်းသား ၂၀၀ ကျော်ရှိနေသေးကြောင်း သိရသည်။

#ဟင်္သာတအကျဉ်းထောင် #ဝန်ထမ်းများအားငွေပေး #ဆေးဝါးနှင့်အစားအသောက်ပေးပို့ခွင့်ရ #Ayeyarwaddy_Times