မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ရခိုင်ဒေသတွင် စစ်ကောင်စီက အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ဘောင် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း မဟာမိတ်အဖွဲ့က ပြောကြားသည်။

စစ်ပန်းနေသည့်အပြင် စစ်ရေးမယှဉ်နိုင်တော့သည့် စစ်ကောင်စီက ရခိုင်ဒေသတွင် ရေကြောင်း၊ လေကြောင်းဖြင့် အင်အားဖြည့်တင်းခြင်းများကို မပြတ်လုပ်ဆောင်နေ၍ စစ်ဘောင် ကျယ်ပြန့်လာမည့် အသွင်ရှိနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်ဒေသရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများရှိနေပြီး မင်းပြားမြို့ပေါ်သို့ စစ်ကောင်စီ၏ စစ်သင်္ဘောများ၊ မြေပြင်ထောက်ကူများ ဖြင့် အင်အားဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် စစ်ကောင်စီ ဘက်က စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့ နေရာချထားမှုများကို ဆက်တိုက် လုပ်ဆာင်‌လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပလက်၀ဒေသရှိ စစ်ကောင်စီစခန်းများမှ အိန္ဒိယနယ်စပ်သို့ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို ရခိုင်ဒေသအတွင်းရှိ စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီက နေရာချ၍ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း မဟာမိတ်အဖွဲ့ကဆိုထားသည်။

#ရခိုင်စစ်ဒေသ #ပိုမိုကျယ်ပြန့် #ညီနောင်မဟာမိတ်အဖွဲ့ #ထုတ်ပြန် #Ayeyarwaddy_Times