ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံသို့ ဇန်နဝါရီ၁၉ရက်နေ့က စစ်ကောင်စီ တပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦး အလင်း၀င်ခဲ့ကြောင်း ပကဖ တာ၀န်ရှိသူထံမှ သိရသည်။

“သူကပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် က စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၄၄၄ကဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦးပါ။ မြို့နယ်ပကဖကိုချိတ်ဆက်ပြီး အလင်း၀င်လာတဲ့အတွက် သူ့ရဲ့ကိုယ်ရေးအချက်အလက်ကို စိစစ်ပြီးတော့ CDMနဲ့ သက်ဆိုင်တဲ့နေရာ လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့ပါတယ်”ဟု ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလင်း၀င်လာသည့် စစ်ကောင်စီတပ်သား ဒုတပ်ကြပ်သည် ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သို့ အလင်း၀င်ရန် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ရက်နေ့တွင် စတင်ချိတ်ဆက်ခဲ့သူဖြစ်ပြီး ယခု လုံခြုံစိတ်ချရသော နေရာကို ရောက်ရှိပြီဖြစ်သောကြောင့် သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး အမည်အရင်းအပါအ၀င်အချက်အလက်များနှင့်ပတ်သတ်ပြီး ကျန်ခဲ့သောမိသားစု၀င်များ၏ လုံခြုံရေးအရ ဖော်ပြခြင်းမဖြစ်ကြောင်းပကဖ တာ၀န်ခံကပြောသည်။

အလင်း၀င်ရောက်လာသူ စစ်ကောင်စီဒုတပ်ကြပ်ကို ပုသိမ်မြို့နယ်ပကဖမှ ဂုဏ်ပြုဆုငွေ ငါးသ်ိန်းကျပ် ပေးအပ်ခဲ့ပြီး လက်ရှိတွင် CDMနှင့်သက်ဆိုင်သောကိစ္စများနှင့် စားသောက်ရေးကိုတာ၀န်ယူပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များ CDMပြုလုပ်ရန် ချိတ်ဆက်ကူညီပေးခဲ့ပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း ကိုးဦးအထိ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

#ပုသိမ်မြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #ဒုတပ်ကြပ် #အလင်း၀င်
#Ayeyarwaddy_Times