ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
အရေးပေါ်ကာလပြဌာန်းချက် ဒုတိယ ၆ လသက်တမ်းကို လာမယ့်ရက်ပိုင်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ခေါ်ပြီး ထပ်မံတိုးဖို့ရှိတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ပြော ဆိုပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်မှုရှိအောင်နဲ့ တခြားကိစ္စတွေဆောင်ရွက်ရဦးမှာဖြစ်လို့ အခုလို နောက်ထပ် ၆ လတိုးမြှင့်တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ ပြောဆိုမှုကို ဘီဘီစီသတင်းမှာဖော်ပြပါတယ်။
ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီကကြေငြာထားတဲ့ အရေးပေါ်ကာလ ၁နှစ်ခွဲပြည့်မြောက်မှာဖြစ်ပြီး ပထမ ၆ လသက်တမ်းလည်းပြည့်မြောက်မှာဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတကိုဖမ်းပြီး အာဏာသိမ်းခဲ့ပြီးတော့ စစ်တပ်တင် မြှောက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလကြေ ငြာပြီးတော့ ကာချုပ် မင်းအောင်လှိုင်ကို အာဏာလွှဲပေးခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို ၂ နှစ်အထိပြဌာန်းထားကာ စစ်ကောင်စီအတွက် ကာလုံခေါ်ပြီးသက်တမ်းတိုးခွင့် နောက်ဆုံး ၆ လ ဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ၂ နှစ်ပြည့်မြောက်မှာဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရတဲ့ပါတီအာဏာလွှဲမယ်လို့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာသမ္မတ၊ဒုတိယသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ ကာချုပ်၊ဒုကာချုပ်၊ပြည်ထဲရေးဝန်ကြီး၊ကာ ကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်ပြီး အရပ်ဘက်၊စစ်ဘက် ၁၁ ဦးပါဝင်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံ – ဇန်နဝါရီ ၃၁ ရက်က ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်ပြီး အရေးပေါ်ကာလ ပထမ ၆ လသက်တမ်းတိုးစဥ်။
Ref – BBC