ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်

တနသာ်ရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်- ထားဝယ်လမ်းပိုင်းတစ်နေရာတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ နယ်မြေခံ PDF တွေဆီက သိရပါတယ်။

ဇူလိုင် ၂၉ ရက် မနက် ၇ နာရီခန့်အချိန်က ရေဖြူမြို့နယ်အခြေစိုက်တပ်ရင်းတစ်ခုမှ စစ်ကားတစ်စီးကို ရေဖြူမြို့ မိုင်တိုင် ၂၈/၂၉ အကြား လက်လုပ်မိုင်း နှစ်လုံးနှင့်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ပေါက်ကွဲအသံကတော့ အကျယ်ကြီးကြားလိုက်ရပါတယ်”ဟု ဒေသခံတစ်ဦးကတော့ပြောပါတယ်။မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် အခြားရဲဘော်တစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကျအဆုံးကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ နယ်မြေခံ PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဆိုပါစစ်ကောင်စီကား ၄ စီးပါယာဥ်တန်းဟာ ရေး-ထားဝယ်လမ်းမပေါ်၌မောင်းနှင်လာပြီး ၃ စီးမြောက် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကလိန်အောင်-ရေဖြူ ကားလမ်းမပေါာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မကြာခဏ ဆိုသလို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။