
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်
ယူကရိန်းသို့ ထောက်ပံ့မယ့် ထောင်ပေါင်းများစွာသော ၁၅၅ မီလီမီတာ အမြောက်ကျည်တွေ ဝယ်ယူဖို့ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စာချုပ်တစ်ရပ်ကို နေတိုးအဖွဲ့က လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါ တယ်။
“ယူကရိန်းစစ်ပွဲဟာ ခဲယမ်းမီးကျောက်စစ်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်” လို့ ဇန်နဝါရီလ ၂၃ ရက်က ဘယ်လ် ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်က နေတိုးအဖွဲ့ဌာနချုပ်မှာပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ နေတိုး အဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ဂ်က သတင်းထောက်တွေကို ပြောပါတယ်။
လက်နက်ကြီးကျည်ပြတ်လပ်မှုက ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု နှစ်နှစ်နီးပါး ကြာမြင့်ပြီးနောက် ယူက ရိန်းတပ်ဖွဲ့တွေအတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစတမ် အူမာရော့ဗ်က ပြောပါတယ်။
ယူကရိန်းသို့ လက်နက်ကြီးကျည် ထောက်ပံ့ပေးမယ့် နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေကိုယ်စား နေတိုး ထောက်ပံ့ရေးနဲ့ ဝယ်ယူရေးအေဂျင်စီ (NSPA) က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူကရိန်းစစ်တပ်အတွက် လက်နက်ကြီးကျည် ဝယ်ယူမယ့်နိုင်ငံတွေက ဘယ်လ်ဂျီယမ်၊ လစ်သူယေးနီး ယားနဲ့ စပိန်တို့ဖြစ်ပါတယ်လို့ နေတိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
သဘောတူညီချက်အရ လက်နက်ကြီးကျည် ၂၂၀၀၀၀ ခန့် ထုတ်လုပ်ဖွယ်ရှိပြီး ၂၀၂၅ ခုနှစ်အကုန်မှာ ပထ မအသုတ် လက်နက်ကြီးကျည်တွေကို ယူကရိန်းသို့ ပေးပို့မယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
ယူကရိန်းသို့ ပေးပို့မယ့်လက်နက်ကြီးကျည်တွေကို ပြင်သစ်လက်နက်ကုမ္ပဏီ Nexter နဲ့ ဂျာမနီနိုင်ငံမှ Junghans တို့က ထုတ်လုပ်မယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
နေတိုး ထောက်ပံ့ရေးနဲ့ ဝယ်ယူရေးအေဂျင်စီ (NSPA) က ယူကရိန်းသို့ ဒေါ်လာ ၁၅ ဘီလီယံခန့် တန် ကြေးရှိ သဘောတူညီချက်တွေ သဘောတူခဲ့တယ်လို့ စတိုလ်တန်ဘတ်ဂ်က ပြောပါတယ်။
နေတိုးအဖွဲ့က ယူကရိန်းသို့ထောက်ပံ့မယ့် စစ်လက်နက်တွေထဲမှာ အမြောက်ကျည်တွေ၊ တင့်ကားဖျက် ကျည်တွေနဲ့ ပက်ထရီးယော့ဒုံးခွင်းစနစ်တွေ ပါဝင်ပါတယ်။
ကိုးကား – Reuters
Ref; NATO signs $1.8 billion ammunition deal to benefit Ukraine