ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

ကမ္ဘာရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်နေပြီး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနှစ်သောင်း (၃,၈၂၀,၀၀၀) ကျော်အထိ မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းဈေးရွှေဈေးအဖွင့်တွင် အကယ်ဒမီအခေါက် ရွှေတစ်ကျပ်သားလျှင်ကျပ် သိန်း ၃,၇၉၉,၀၀၀ ဖြင့်ဈေးဖွင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် ကျပ် သိန်း ၃,၈၁၀,၀၀၀၊ ညနေ ၃ နာရီတွင် ကျပ် သိန်း ၃,၈၂၅,၀၀၀ အထိဖြစ်လာကြောင်း ဈေးကွက်အတွင်းက သိရသည်။

ကမ္ဘာရွှေဈေးသည် ယခုလအတွင်း တစ်ထရိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၂၀ မှ ၂၀၂၃ ရှိကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေဈေးသတ်မှတ်ချက်တွင်မူ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် သိန်း ၃,၆၅၄,၇၀၀ ရှိကြောင်းသိရသည်။

ပြည်တွင်းရွှေဈေးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ကျပ်နှစ်သောင်းတန်အသစ်ထွက်မည်ဟု စစ်ကောင်စီက ကြေညာချိန်တွင် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းအထိ ရောက်ရှိခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ရွှေဈေးတက် #အကယ်ဒမီအခေါက်‌ရွှေ #တစ်ကျပ်သား၃၈သိန်းကျော် #Ayeyarwaddy_Times