ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၄ ရက်

မြောက်ကိုရီးယားဟာ လက်ရှိမှာ ရုရှားနိုင်ငံရဲ့ အကြီးမားဆုံး စစ်လက်နက်ထောက်ပံ့သူဖြစ်တယ်လို့ ယူ ကရိန်း စစ်ဘက်ထောက်လှမ်းရေး အကြီးအကဲက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားသို့ လက်နက်ကြီးကျည် ပမာဏအမြောက်အများ လွှဲပြောင်းပေးခဲ့တယ်လို့ ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး အကြီးအကဲ ခိုင်ရီလိုဘူဒါနော့ဗ်က အင်တာဗျူးတစ်ခုအတွင်း Financial Times သို့ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ ထုတ်လုပ်နိုင်စွမ်းရှိတာထက် စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အသုံး ပြုနေတယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးမှုက ရုရှားကို အနည်းငယ် အသက်ရှု ရှောင်စေခဲ့တယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အကူအညီသာမရှိပါက ရုရှားအတွက် ကြောက်မတ်ဖွယ်ရာအခြေအနေ ဖြစ်လာမယ် လို့ သူက ထောက်ပြပါတယ်။

ဒိုးနက်ခ်ဒေသရှိ ကရာမာတော့ခ်မြို့တော်မှာ တနင်္လာနေ့က တိုက်ပွဲတွေကြောင့် လူတစ်ဉီး သေဆုံးခဲ့ပါ တယ်။ တနင်္ဂနွေနေ့က ရုရှားထိန်းချုပ် ဒိုးနက်ခ်ဒေသမှာ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် လူ ၂၇ ဉီး သေဆုံးခဲ့ပါ တယ်။

ဒိုးနက်ခ်တိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် ရုရှားပြည်သူတွေနဲ့ အခြေခံအဆောက်အအုံတွေကို ကာ ကွယ်မယ့် အထူးစစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်မယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ် ကော့ဗ်က ပြောပါတယ်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ်တပ်ခ်ဟာ ဒီဇင်ဘာလအတွင်း ရာထူးတာဝန်စယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်မြို့သို့ လာရောက်ခဲ့ပြီး စစ်လက်နက်တွေထောက်ပံ့ဖို့ ကတိပြု ခဲ့ပါတယ်။

ယူကရိန်းရဲ့အောင်ပွဲ ပိုမိုရရှိစေဖို့ လက်တွဲလုပ်ဆောင်နိုင်ကြောင်း၊ စစ်လက်နက်ထုတ်လုပ်မှုတွေ တိုးမြှင့် မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်လ်တပ်ခ်က ပြော ပါတယ်။

ကိုးကား – NHK
Ref; Ukraine official: N.Korea currently Russia’s biggest arms supplier

#Ayeyarwaddy_Times