
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ရက်နေ့
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက လူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းဖျောက်လိုက်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံက သိရသည်။
သေဆုံးသူသည် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာကျေးရွာနေ အသက် ၁၉နှစ်အရွယ် မောင်ပေါင်လျန်တွောင် ဖြစ်ပြီး ဇန်နဝါရီ ၁၄ရက်က ပြည်တော်သာရွာမှ ကလေးမြို့သို့ အသွား ကလေးမြို့အဝင် ဒိုးဝိုင်းချောင်းလမ်းတွင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အဖမ်းခံရတယ်ဆိုတာတော့ အဲ့ကတည်းသိရတယ်။ သတ်လိုက်ပြီ ဆိုတာတော့ သုံးရက်လောက်နေမှ စစ်ကောင်စီက ဖုန်းဆက်ပြောတာ။ အလောင်းလည်း မီးရှို့လိုက်ပြီတဲ့” ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့အဝင် ဒိုးဝိုင်းချောင်း ရွာတွင် ဂိတ်ချထားကာ လမ်းသွားလမ်းလာများကို ငွေညှစ်၊ စစ်ဆေး၊ ဖမ်းဆီး၍ မသင်္ကာလျှင် ပစ်သတ်လျက်ရှိရာ ပြီးခဲ့သည့် သုံးလတာအတွင်း စစ်ကောင်စီကြောင့်သေဆုံးသူအရပ်သား ငါးဦးထက်မနည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
ဓာတ်ပုံ – သေဆုံးသူ မောင်ပေါင်လျန်တွောင်
#ကလေးမြို့ #ပြည်တော်သာ #ဖမ်းဆီးသတ်ဖြတ် #အလောင်းဖျောက် #စစ်ကောင်စီ
#Ayeyarwaddy_Times