ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
ရုရှားနိုင်ငံက ယူကရိန်းကို ကမ္ဘာ့မြေပုံပေါ်က ဖျောက်ကွယ်ဖို့ ရည်ရွယ်နေတာ သံသယရှိစရာမလိုဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ပြောကြားလိုက်ပါတယ်။
ရုရှားက သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ ရုရှားလိုလားတဲ့သူတွေကို ခန့်အပ်ပြီး ယူကရိန်းဒေသတွေကို ရုရှာဲ့ပေါင်းစည်းဖို့ ကြိုးပမ်းနေတဲ့လက္ခဏာတွေ အမေရိကန်နိုင်ငံက မြင်တွေ့နေရတယ်လို့ ၄င်းက ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီကို ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်ကိုယ်တိုင်ကပင် ယူကရိန်းစစ်ပွဲရဲ့ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းပြည်သူတွေကို သူတို့လက်သင့်မခံတဲ့ အစိုးရလက်အောက်ကနေ လွတ်မြောက်စေချင်တယ်လို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာပြုလုပ်တဲ့ အာရပ်ထိပ်သီးဆွေးနွေးပွဲမှာ လာရောဗ့်က ပြောကြားခဲ့ပါတယ်။
မေလအတွင်း တောင်ပိုင်းက အရေးပါတဲ့မြို့တော်တစ်ခု ကျဆုံးပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတဲ့ ဒါဇင်နဲ့ချီ တဲ့ ယူကရိန်းသုံ့ပန်းတွေ သေဆုံးခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းက တိုက်ခိုက်မှုတစ်ခုနဲ့ပတ်သက်လို့ ရုရှားနဲ့ယူကရိန်း က အပြန်အလှန် ပြစ်တင်ခဲ့ကြပါတယ်။
ရုရှားထောက်ပံ့ပေးထားတဲ့ ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံက ထိန်းချုပ်ထားတဲ့ အိုလီနက်ဗာမြို့က အကျဉ်း ထောင်တစ်ခုကို ယူကရိန်းစစ်တပ်က အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့ တယ်လို့ ရုရှားနိုင်ငံက စွပ်စွဲခဲ့ပါတယ်။
ရုရှားနိုင်ငံက တိုက်ခိုက်မှုဖြစ်ရာ အကျဉ်းထောင်သို့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် စေလွှတ်ခဲ့ပါ တယ်။ အခင်းဖြစ်ရာနေရာမှာ အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားတဲ့ ဒုံးကျည်အပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။
ယူကရိန်းစစ်တပ်က အဲဒီစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး ယူကရိန်းသုံ့ပန်းတွေ အနှိပ်စက်ခံရတာ၊ ကွက်မျက် ခံရတာကို ဖုံးကွယ်ချင်လို့ ရုရှားတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ တုံ့ပြန်လိုက်ပါတယ်။
ကိုးကား – The Week
Ref; Russia intends to dissolve Ukraine from world map: US envoy