ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၃ ရက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိုင်းပြည်နယ် ယူနန်မှာ မြေပြိုမှုတစ်ခုကြောင့် လူ ၄၇ ဦး ပျောက်ဆုံးပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တနင်္လာနေ့မနက် ၆ နာရီထိုးပြီးပြီးချင်း တောင်ကုန်းထူထပ်ရာ ယူနန်ပြည်နယ်၊ ကျောင်တန်မြို့တော်မှာ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့တာလို့ တရုတ်နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။

မြေပြိုမှုကြောင့် လူ ၄၇ ဦးထက်မနည်း ပျောက်ဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက အသက်ရှင်သူတွေ ကို ရှာဖွေဖို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ကိရိယာတွေ အသုံးပြုနေကြတယ်လို့ CCTV က ဆိုပါတယ်။

မြေပြိုမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။ ဒေသခံ ၅၀၀ ကျော်ကို ဘေး လွတ်ရာရွှေ့ပြောင်းခဲ့တယ်လို့ သိရပါတယ်။

ကျယ်ပြောသောဧရိယာတစ်ခုတစ်လျှောက် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမည်းရောင်မြေကြီးတွေ လူနေ ဧရိယာတွေထဲ ရောက်ရှိသွားတာကို နိုင်ငံပိုင်ရုပ်သံမီဒီယာတွေက ထုတ်လွှင့်တဲ့ ရုပ်သံဖိုင်တွေက ပြသပါတယ်။

တနင်္ဂနွေနေ့ကတည်းက မြေပြိုကျရာဧရိယာမှာ ဆီးနှင်းထူထပ်စွာကျရောက်နေပြီး နေ့ခင်းဘက်အပူချိန် ဟာ သုညဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; Three reportedly dead, dozens still missing in Southwest China landslide

#Ayeyarwaddy_Times