
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်တွင် PDFများကို ထောက်ပံသည်ဟု စွပ်စွဲမှုဖြင့်ဖမ်းဆီးခံရသူ ငါးဦးကို ဇန်နဝါရီ ၁၉ရက်နေ့က ကျုံပျော်ခရိုင်တရားရုံးမှ ထောင်ဒဏ် လေးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။
“ရေကြည်မြို့နယ်က CDMကျောင်းဆရာတစ်ယောက်အပါအ၀င် NLDပါတီ၀င်နှစ်ဦးနဲ့သာမာန် ပြည်သူ စုစုပေါင်း ငါးဦးကို ပုဒ်မ ၅၂(က)နဲ့ ကျုံပျော်ခရိုင်တရားရုံးက ထောင်ဒဏ် လေးနှစ်ချလိုက်တာ အိမ်တွေလဲချိတ်ပိတ်ထားတယ် “ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
PDFများကို ထောက်ပံသည်ဟုစွပ်စွဲကာရေကြည်မြို့နယ်မှ CDMကျောင်းဆရာဦးနေလင်းထွန်း၊ ဦးကျော်လင်းစိုး ၊ဦးစိုးမင်းထွန်းနှင့်အသုတ်မြို့မှ ကိုဇေထက်ပိုင်၊ဦးထွန်း၀င်းတို့ ငါးဦးကို ၂၀၂၃ စက်တင်ဘာက စစ်ကောင်စီတပ်နှင့်ရဲများမှ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၈ရက်နေ့က ဖမ်းဆီးခံရသူများ၏ နေအိမ် ငါးလုံးနှင့် ခြံတစ်ခြံကိုချိပ်ပိတ်ခဲ့ပြီး မိသားစုဝင်များကို နေအိမ်များမှ ဖယ်ရှားခိုင်းခဲ့ကြောင်း သိရှိရသည်။
ရေကြည်မြို့သည် လက်ရှိ စစ်ကောင်စီ၏ ဧရာ၀တီတိုင်း ၀န်ကြီးချုပ် ဦးတင်မောင်၀င်း၏ ဇာတိိမြို့ ဖြစ်သောကြောင့် မြို့နယ်အတွင်း CDMများ၊NLDပါတီ၀င်များနှင့်ပြည်သူများကို အမြဲ မတရားအမှုဆင်ကာ ဖမ်းဆီးပြီး ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
#ရေကြည်မြို့နယ် #CDMကျောင်းဆရာ #အမျိုသား ၅ ဦး# စစ်ကောင်စီ #ထောင်ဒဏ်၄နှစ် #နေအိမ်များချိတ်ပိတ် #Ayeyarwaddy_Times