
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
လူတစ်ဦးရဲ့ အပိုင်းပိုင်းခုတ်ထစ်ထားတဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို ဗန်ကောက်မြို့တော်၊ ဘန်ခွန်သီ ယန်ခရိုင်ရှိ အခန်းတစ်ခုထဲက အအေးခန်းထဲမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့က ဗန်ကောက်မြို့တော် တောင်ဘက်အစွန်ဆုံးခရိုင်က လူနေအဆောက်အအုံတစ်လုံးမှာ အပိုင်းပိုင်းခုတ်ထစ်ထားတဲ့ ကိုယ်ခန္ဓာတွေအပိုင်းအစတွေ တွေ့ရှိကြောင်း Samae Dam စခန်းက ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အဆောက်အအုံ စတုတ္ထထပ်ပေါ်က အဖြူရောင်အအေးခန်း တစ်ခုကို တွေ့ရှိခဲ့ပြီး အခန်းထဲနဲ့ ရေချိုးခန်းထဲမှာ သွေးတွေပြန့်ကျဲနေကာ အိပ်ယာတစ်ခုအောက်မှာ သစ်ဖြတ် စက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေက သံသယရှိသူတွေကို ဖော်ထုတ်ဖို့ အနီးအနားက CCTV ရုပ်သံကို စစ်ဆေး လျက်ရှိပါတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးဟာ ပြီးခဲ့တဲ့အပတ်အတွင်း အိန္ဒိယလူမျိုးတစ်ဦး ပိုင်ဆိုင်တဲ့ အဆိုပါ အဆောက်အအုံကို လာရောက်လည်ပတ်ခဲ့တယ်လို့ အခင်းဖြစ်ရာနေရာမှ မြန်မာတစ်ဦးက ပြောပါတယ်။
လူ ၄ ဦးစလုံး အဆိုပါအဆောက်အအုံမှာ အလုပ်လုပ်ကိုင်ဖို့ သွားရောက်ခဲ့ပြီး Yao ဆိုသူတစ်ဦးသာ အဆောက်အအုံမှာ ကျန်ခဲ့ပြီး စနေ့နေ့ကတည်းက သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ မြန်မာလူမျိုးက ဆက်ပြောပါတယ်။
မြန်မာလူမျိုးက တနင်္ဂနွေနေ့မှာ အဆိုပါအဆောက်အအုံကို ပြန်သွားခဲ့ပြီး အဆောက်အအုံပိုင်ရှင်ကို ဖုန်း ဆက်ခဲ့ကာ အဆောက်အအုံတွင်း ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။
အိန္ဒိယလူမျိုး အလုပ်အကိုင်ပွဲစားက ဇန်နဝါရီလ ၁၃ ရက်မှာ အဆောက်အအုံကို ငှားရမ်းခဲ့ပြီး မြန်မာ ရွှေ့ပြောင်းလုပ်သား ၅ ဦးက အလုပ်လုပ်ကိုင်ဖို့ ယင်းအဆောက်အအုံမှာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဗန်ကောက်မြို့ တော် မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် နိုပါဆီလက်က ပြောပါတယ်။
ဖြစ်စဉ်က အလွန် ရှုပ်ထွေးပြီး အိန္ဒိယနိုင်ငံသားဟာ စနေနေ့ ညပိုင်း ၈ နာရီ ၅၀ မိနစ်မှာ ထိုင်းနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့တော်သို့ ထွက်ခွာသွားပြီလို့ သူက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Man’s dismembered body parts found in freezer