
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
စစ်ကောင်စီလက်ထက်တွင်လိုင်းကြေးယူဖွင့်ခွင့်ပေးထားသော လိုင်စင်မဲ့အရက်ဆိုင်များကြောင့် မူးယစ်ရမ်းကားမှုများဖြစ်ပွားနေကြောင်း ဟင်္သာတမြို့နယ်ရှိဒေသခံများထံမှသိရသည်။
စစ်ကောင်စီတတ်လာပြီးနောက် ကျေးရွာများတွင် လိုင်စင်မဲ့အရက်ဆိုင်များ အများအပြားပေါ်လာကာ မူးယစ်သောက်စားပြီး ဆဲဆိုခြင်းနှင့် အရက်ကြောင်ကာ ရန်ရှာခြင်းများပါဖြစ်နေပြီး ဖမ်းဆီထိန်းသိမ်းခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။
“ရွာတွေမှာ အရင်ကဆို CS2A ဆိုင်က နည်းနည်းပဲရှိတယ်။အခုက CS2A တွေအပြင် အခြား ခိုးဖွင့်နေတဲ့ဆိုင်တွေကများတယ် ထန်းရည်ဆိုင်တွေမှာလည်း အရက်ရတယ်။ အခုက ကလေးတွေကအစ သောက်တတ်နေတယ် ထန်းရည်ဆိုင်တွေဆို မိန်းကလေးတွေကအစ မူးရူးနေကြတာ မြင်မကောင်းဘူး “ဟု ဟင်္သာတမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လိုင်စင်မဲ့အရက်ဆိုင်များအား စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲများမှ လိုင်းကြေးယူကာ ဖွင့်ခွင့်ပေးထားပြီး တစ်လ လျှင် တစ်ခါ လိုင်းကြေးလာယူကာ လိုင်စင်မရှိသော်လည်း ဖမ်းဆီခြင်းမရှိသည့်အပြင် တရာဝင်ကဲ့သို့ပင်ခွင့်ပြုပေးထားကြောင်း ဒေသခံများထံမှသိရသည်။
“နယ်ထိန်းရဲတွေက အပိုင်ရွာတွေမှာရှိတဲ့ လိုင်စင်မဲ့အရက်ဆိုင်တွေကို တစ်လတစ်ခါ လိုင်းကြေးလာယူတယ်။ ပြီးရင်မလာတော့ဘူး အသစ်ဖွင့်တဲ့ ဆိုင်တွေဆို ရာအိမ်မှူးတွေက ရဲကိုအကြောင်းကြားပြီး လိုင်းကြေးတောင်းခိုင်တာ ဒိီကောင်တွေကလည်း ဒီဆိုင်တွေမှာသောက်ရင် အလကားသောက်နေရတော့ ဘာမှမပြေားဘူး။ မူးလို့ရန်ဖြစ်တာတွေ ရမ်းကားတာတွေက ဒီဘက်မှာနေတိုင်းလိုပဲ” ဟု ဟသ်ာတမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီလက်ထက်တွင် ဟင်္သာမြို့နယ်၌ လိုင်စင်နှင့်အရက်ဆိုင် ရာနှင့်ချီရှိနေပြီး ထန်းရည်းဆိုင်နှင့် အရက်ဖြူအပြင် ဘီယာများပါရောင်းချနေကြကာ အရက်ကြောင်ပြီ အမျိုးသမီးတစ်ယောက်အား ရိုက်သတ်မှုတစ်ခု ဟသ်ာတမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင်ဖြစ်ပွားခဲ့သည်။
#စစ်ကောင်စီ #လိုင်းကြေးယူ #လိုင်စင်မဲ့အရက်ဆိုင် #မူးယစ်ရမ်းကားမှု #Ayeyarwaddy_Times