
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ သုံးရွာမှ ချင်းလူမျိုး ၁၅ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၎င်းတို့၏ မိသာစုဝင်များနှင့် အဆက်သွယ်မရရှိကြောင်း မိသားစုဝင်ထံက သိရှိရသည်။
ပဒါန်းမြို့ရှိ စစ်ကောင်စီ၏ က.ပ.စ တပ်ရင်းမှ အင်အား ၁၀၀ ကျော်သည် မထုံး၊ ကံမြင့်ကန်နှင့် ဂုတ်စီးရိုး ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ၎င်းကျေးရွာရှိ အမျိုးသားများကို စစ်ဆေးခေါ်ယူကာ အမျိုးသား ၁၅ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဖမ်းဆီးခံရသူ အချို့သည် စစ်ကောင်စီ၏ ရိုက်နှက်စစ်ဆေးမူများကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင့် သိရှိရသည်။
” ဖမ်းတာက PDF တွေကို ထောက်ပံ့ဆိုတဲ့ စွပ်စွဲချက်ကြောင်း ဖမ်းသွားတာပါ။ အင်အား အလုံးရင်းနဲ့ ရွာထဲဝင်ပြီး လာဖမ်းသွားတာ ဖြစ်ပါတယ်။ ရွာထဲမှာ ရိုက်နှက်ပြီး လက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွားတယ်။ အဲ့ဒီ ရိုက်နှက်မူကြောင့် သေလုနီးပါး ဒဏ်ရာရတဲ့ လူတွေလည်းရှိတယ်။ အခု သူတို့တွေ ရှင်သလား။ သေသလားဆိုတာ အဖမ်းခံရကတည်းကနေ အဆက်သွယ်မရဘူး”ဟု ဖမ်းဆီးခံရသည့် မိသားစုဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဖမ်းဆီးခံရသည့် ချင်းအမျိုးသား ၁၅ ဦးသည် မထုံးကျေးရွာမှဦးကျေမောင်မောင်(၂၄)နှစ်၊ ဦးမောင်ဦး(၄၅)နှစ်၊ ဦးထွန်းနိုင်(၄၃)နှစ်၊ မင်းသူအောင်(၂၃)နှစ်၊ ဖုန်းနိုင်(၂၃)နှစ်၊ ဦးဇော်နိုင်ဝင်း(၄၅)နှစ်၊ ဦးဝင်မောင်(၄၅)နှစ်၊ ဦးပါအု(၄၀)နှစ်၊ ဦးလက်ကိုင်(၃၀)နှစ်၊ ဦးရန်နိုင်စိုး(၃၀)နှစ်တို့ဖြစ်ကြပြီး ဂုတ်စီးရိုးကျေးရွာမှဦးမင်းနိုင်(၃၈)နှစ်၊ ထိန်းဝင်း(၂၄)နှစ်၊ ဦးကျော်နိုင်(၃၀)နှစ်၊ ကံမြင့်ကန်ရွာမှ ဦးကိုမိုင်(၃၀)နှစ်နှင့် ရခိုင်မှ လာလည်သည့် ချင်းအမျိုးသား တစ်ဦးတို့ ပါဝင်ကြောင်း သိရှိရပြီး ၎င်းတို့သည် မိသားစုဝင်များနှင့် အဆက်သွယ်မရရှိကြောင်း သိရသည်။
အဆိုပါ အဖမ်းဆီးခံရသူများထဲတွင် အမျိုးသား နှစ်ဦးသည် စစ်ကောင်စီ၏ ကျေးရွာတွင်း ရိုက်နှက်စစ်ဆေးမူများကြောင်း အသက်အန္တရာယ် စိုးရိမ်နေရပြီး အဖမ်းဆီးခံရသည့် ချင်းအမျိုးသာ ၁၅ ဦးကို လက်ပြန်ကြိုးတုတ် တန်းစီးပြီး ပဒါန်းမြို့ က.ပ.စ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ထိုအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မထုံးကျေးရွာရှိ လူနေအိမ်ထဲတွင် ရှာဖွေစစ်ဆေးမူပြုလုပ်နေစဥ် တန်ဖိုးရှိ လက်ဝတ်လက်စားများနှင့် ပိုက်ဆံများကိုလည်း ခိုးယူသွားကာ ၎င်းကျေးရွာရှိ ဆိုင်ကယ်နှစ်စီးအား လုယူသွားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ အင်အားအလုံးရင်းနဲ့ ကျေးရွာထဲသို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးမူများကြောင့် မထုံးကျေးရွာနေ ပြည်သူများသည် ၎င်းကျေးရွာအနီးနား တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျန်းမား၊ စားရိက္ခာများလည်း အကူညီ လိုအပ်နေကြောင်း သိရှိရသည်။
#မကွေး #ငဖဲမြို့ #ချင်းလူမျိုး #အဖမ်းဆီးခံရ #စစ်ကောင်စီ #Ayeyarwaddy_Times