ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၂ ရက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့အပတ်အတွင်း မီဇိုရမ်ပြည် နယ်သို့ ထွက်ပြေးခဲ့တဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးကို အိန္ဒိယနိုင်ငံက နေရပ်ပြန်ပို့မယ်လို့ တာဝန်ရှိသူ တစ်ဉီးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခဲ့တဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို နှစ်ရက်အတွင်း မြန်မာ နိုင်ငံသို့ ပြန်ပို့မယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးကို အိုက်ဇောလ်မြို့အနီး လန်ပူလေဆိပ်မှ မြန်မာလေတပ်လေယာဉ်တွေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်မယ်လို့ အာသံရိုင်ဖယ်တပ်ရင်းမှ တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်အပြည့်အစုံနဲ့ ဇန်နဝါရီလ ၁၇ ရက်က အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံစုံရာ မီဇိုရမ်ပြည်နယ်၊ လွမ်လိုင်းခရိုင်ထဲကို ဝင်ရောက်ကာ အာသံရိုင်ဖယ်တပ်ရင်းထံ ချည်း ကပ်လာခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။

ထို့နောက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အာသံရိုင်ဖယ်တပ်ရင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြု လုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လန်ပူလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စနေနဲ့ တနင်္ဂနွေနေ့က အိုက်ဇောလ်မြို့သို့ ပို့ဆောင်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးမှာ ဗိုလ်မှူးကြီးတစ်ဉီး၊ အရာရှိ ၃၆ ဦးနဲ့ အခြားအဆင့် ၂၄၀ ဉီး ပါဝင်တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်

နိုဝင်ဘာလနောက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃၅ ဉီးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ဝင်ရောက်ခဲ့ပါတယ်။

ကိုးကား – Telegraph India
Ref; India to send back 276 Myanmarese soldiers who fled to Mizoram last week

#Ayeyarwaddy_Times