ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၀ ရက်
လာမည့်သီတင်းပတ်အတွင်း ကင်ဘာရာမြို့တော်မှာ NUG ရုံးခွဲသစ် ဖွင့်လှစ်မယ့် အခမ်းအနားကို သြစ တြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်မယ်လို့ သိရပါတယ်။
NUG ရုံးခွဲသစ် ဖွင့်လှစ်ပွဲမှာ သြစတြေးလျ တာဝန်ရှိသူတွေ တက်ရောက်မယ့်အစီအစဉ်က စစ်ကောင်စီရဲ့ အတိုက်အခံတွေနဲ့ နိုင်ငံရေးချိတ်ဆက်မှုတွေ ပိုပြီး တည်ဆောက်လို့တဲ့ သြစတြေးလျအစိုးရရဲ့ဆန္ဒကို ပြသတာလဲ ဖြစ်ပါတယ်။
မြန်မာသံရုံးကနေ ၂ ကီလိုမီတာအကွာမှာရှိတဲ့ ကင်ဘာရာမြို့ ဒီကင်းအရပ်က ငှားရမ်းထားတဲ့ နေအိမ် တစ်လုံးမှာ သံတမန်မစ်ရှင်တစ်ခု ဖွင့်လှစ်မယ်လို့ NUG က ကြေညာခဲ့ပါတယ်။
သြစတြေးလျနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းက သံတမန်မစ်ရှင် ဖွင့်လှစ်နိုင်ရန် ပရိဘောဂ၊ ပစ္စည်းကိ ရိယာတွေ လှူဒါန်းတဲ့အပြင် အိမ်ငှားရမ်းခအတွက် ငွေကြေးကောက်ခံပေးခဲ့တယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ တင်အောင်ရွှေက ပြောပါတယ်။
“NUG ဆိုတာ လေထဲက အစိုးရတစ်ခုလို့ လူတွေက ပြောကြတယ်။ ဒီရုံးခွဲဖွင့်လှစ်တာက NUG ဆိုတာ လေထဲက အဖွဲ့အစည်းတစ်ခုမဟုတ်ဖူးဆိုတဲ့ သတင်းစကားတစ်ရပ် ပေးချင်လို့ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ မြို့တော်မှာ NUG ရုံးခွဲရှိလာပါပြီ” လို့ ၄င်းက ပြောပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ခရီးသွားနေတဲ့အတွက် NUG ရုံးခွဲ ဖွင့်လှစ်ပွဲကို တက် ရောက်နိုင်မှာမဟုတ်ပေမယ့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။
NUG အကြီးတန်းအဖွဲ့ဝင်တွေက တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေပြုလုပ်ဖို့ မကြာမီ သြစတြေးလျ နိုင်ငံသို့ လာရောက်ဖွယ်ရှိပြီး ခရီးစဉ်အတွင်း NUG ရုံးခွဲကို အခြေစိုက်ရာနေရာတစ်ခုအဖြစ် အသုံးပြုမယ်လို့ ဒေါက်တာ တင်အောင်ရွှေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအစား ယင်းကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ NUG က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုနေပါတယ်။
ဓာတ်ပုံ – သြစတြေးလျနိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးခန်း။ (Tun Aung Shwe)
ကိုးကား – ABC
Ref; Australian officials set to attend opening of Myanmar ‘representative office’ in Canberra for shadow government