ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ဇူလိုင်လ ( ၂၈ ) ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့မ ရဲစခန်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့စခန်း၀န်းကျင်တွင် ကင်းလှည့်နေစဥ် နယ်မြေအတွင်းလှုပ်ရှားလျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ (၃)နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (၁၁၀၆)တို့မှ ရဲဘော်များ ပူပေါင်း၍ လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆိုက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် မွန်းတည့် ၁၂ နာရီမှ ၁၂နာရီ ၁၅မိနစ်အထိ (၁၅)မိနစ်သာ ကြာမြင့်ခဲ့ပြီး PDFတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ (၂)ဦးကိုလည်းသုတ်သင်နိုင်ခဲ့ပြီး (၁)ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း ရေးသားထုတ်ပြန်ထားသည်။
စစ်ကောင်စီအထိုင်ချထားသော မြို့မရဲစခန်း အနီးနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် တိုက်ပွဲများ မကြာခန ဖြစ်ပွားလျှက်ရှိပြီး ယခုတိုက်ပွဲမတိုင်မှီတွင် ကင်းထောက်လေယာဉ်ဖြင့် နှစ်ကြိမ်ခန့် ပျံသန်းလျက်ရှိကာ မည်သည့်အကြောင်းကြောင့် ပျံသန်းသည်ကို မသိရှိရပေ။
စစ်ကောင်စီတပ်များသည် ငုင်းတို့ခြေကုတ်ထားသော စခန်းတွင် ခံတုတ်ကျင်းများဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်ခဲယမ်းတောင့်တင်းစွာဖြည့်တင်းလျက်ရှိကြောင်း DMO-Local PDF က ရေးသားဖော်ဲထားသည်။
ဓာတ်ပုံ – DMO-Local PDF