ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ စာသင်ကျောင်းဆောင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၃ ဉီး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ယမန်နေ့ ဖော်ပြပါတယ်။

ယန်ရှန်ပူကျေးရွာရှိ ယင်ဟိုင်းစာသင်ကျောင်း မီးလောင်ကျွမ်းမှုကို သောကြာနေ့ည ၁၁ နာရီမှာ ဒေသန္တရ မီးသတ်ဌာနသို့ အကြောင်းကြားခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပြီး တစ်ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ် ရေးသမားတွေ အခင်းဖြစ်ရာနေရာသို့ မြန်ဆန်စွာ ရောက်လာခဲ့ပြီး ၁၁ နာရီ ၃၈ မိနစ်မှာ မီးတောက်ကို ငြှိမ်းသတ် နိုင်ခဲ့ပါတယ်။

ဒေသန္တရအာဏာပိုင်တွေက မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး စာသင်ကျောင်း နဲ့ပတ်သက်တဲ့ လူတစ်ဉီးကို ထိန်းသိမ်းခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

ယန်ရှန်ပူကျေးရွာဟာ လူဉီးရေ ၁၀ သန်းနီးပါးရှိတဲ့ နန်ယန်းမြို့တော် ဆင်ခြေဖုံးက ကျေးရွာတစ်ရွာဖြစ်ပါ တယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်ဘယ်နှစ်ယောက်ပါလဲဆိုတာတော့ ဆင်ဟွာသတင်းဌာနက မဖော်ပြပါ ဘူး။

ဘေးအန္တရာယ်ကင်းရေးစံနှုန်းတွေ ညံ့ဖျင်းတာနဲ့ ဉပဒေပြုမှုအားနည်းတာကြောင့် တရုတ်နိုင်ငံမှာ မီး လောင်ကျွမ်းမှုတွေ၊ လူအသေအပျောက်များတဲ့ မတော်တဆဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ်က ကျောက်မီးသွေးကုမ္ပဏီရုံးတစ်ခုမှာ မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၆ ဦး သေဆုံးခဲ့ပြီး အများအပြားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။

ဇူလိုင်လ ၁၁ ရက်ကလည်း တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ကျောင်းအားကစားရုံအမိုး ပြိကျခဲ့လို့ လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ဧပြီလအတွင်းက ပေကျင်းမြို့တော်ရှိ ဆေးရုံတစ်ရုံမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၉ ဦး သေဆုံးခဲ့ ပြီး လူအများအပြား ပြတင်းပေါက်တွေကနေ ဆေးရုံအပြင်ဘက်ကို ခုန်ချပြီး ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား – AFP
Ref; 13 dead in China school fire: State media

#Ayeyarwaddy_Times