ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်

ဒေသခံတွေရဲ့ မြန်မာနိုင်ငံနဲ့ လွတ်လပ်စွာ သွားလာမှုကို အိန္ဒိယအစိုးရက ရပ်တန့်မည်ဖြစ်ကာ မြန်မာနဲ့ နယ်စပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်လို ကာကွယ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီး အေမက်ရှားက ကြေညာ လိုက်ပါတယ်။

ဗဟိုအစိုးရက ဒေသခံတွေရဲ့ မြန်မာနိုင်ငံနဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ပြန်လည်စဉ်းစားမယ်လို့ ပထမအသုတ် အာသံရဲတပ်ဖွဲ့ ကွန်မန်ဒိုတပ်ရင်း ၅ ရင်းရဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ သူက ပြောပါတယ်။

“အိန္ဒိယ-မြန်မာနယ်စပ်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုမျိုး ကာကွယ်သွားမှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ဒေသခံတွေ မြန်မာနိုင်ငံနဲ့ လွတ်လပ်စွာ သွားလာမှုကို ရပ်တန့်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အိန္ဒိယနဲ့မြန်မာနယ်စပ်နေ ပြည်သူတွေကို ဗီဇာမလိုဘဲ နှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ သွားလာခွင့်နဲ့ ၂ ပတ်အထိ နေထိုင်ခွင့်ပြုတဲ့ လွတ်လပ်သော သွားလာလှုပ်ရှားမှု ( FMR) ကို မကြာမီ အဆုံးသတ်မယ်လို့ အစိုး ရသတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောကြားပြီးနောက် အေမက်ရှားက အခုလို ပြောခဲ့တာပါ။

အိန္ဒိယ-မြန်မာနယ်စပ်တစ်ခုလုံးကို ဘင်္ဂလားဒေ့ရှ်နယ်စပ်လိုမျိုး ခေတ်မီ ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟို အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အိန္ဒိယ-မြန်မာနယ်စပ်တစ်ခုလုံး ခြံစည်းရိုးခတ်မှာပါ။ နယ်စပ်ခြံစည်းရိုးခတ်တာ ၄ နှစ်ခွဲ အတွင်း ပြီးစီးမှာဖြစ်ပါတယ်။ နယ်စပ်ခြံစည်းရိုးမှတစ်ဆင့် လာသူမှန်သမျှ ဗီဇာရှိရပါမယ်” လို့ အေမက်ရှားက ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို ဟန့်တားဖို့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအစောပိုင်းမှာ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ဗဟိုအစိုးရကို တိုက် တွန်းခဲ့ပါတယ်။

မဏိပူရ်၊ မီဇိုရမ်၊ နာဂလန်နဲ့ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်တစ်လျှောက် အိန္ဒိယနဲ့မြန်မာက ၁၆၄၃ ကီ လို မီတာ နယ်နိမိတ်ချင်း ထိစပ်နေပြီး မဏိပူရ်ပြည်နယ်မှာ ၁၀ ကီလိုမီတာသာ ခြံစည်းရိုးခတ်ထားပါတယ်။

ကိုးကား – Indian Express
Ref; Govt will stop free movement with Myanmar, protect border like that of Bangladesh: Amit Shah

#Ayeyarwaddy_Times