ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

အမေရိကန်နိုင်ငံမှ တိုမာဟော့ခ် ခရုဇ်ဒုံးကျည် အစင်း ၄၀၀ အထိ ဝယ်ယူမယ့် သဘောတူညီချက်တစ်ရပ် ကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးလိုက်ပါတယ်။

ကာကွယ်ရေးစွမ်းရည်တွေကို အခြေခံကျကျ အဆင့်မြှင့်တင်မယ့် ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအ ဖြစ် တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေဝယ်ယူဖို့ ဂျပန်နိုင်ငံက ဆုံးဖြတ်ခဲ့တာပါ။

တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တေွ ဝယ်ယူမှုဟာ ရန်သူ့ဒုံးကျည်စခန်းတွေနဲ့ အခြားပစ်မှတ်တွေကို တိုက် ခိုက်မယ့် တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်တွေ ရရှိဖို့ ၂၀၂၂ ခုနှစ်အတွင်းက ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်ညီ တယ်လို့ သိရပါတယ်။

မူလစီစဉ်ထားတာထက် တစ်နှစ်စောပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလမှာစတင်မယ့် လာမယ့်ဘဏ္ဍာရေးနှစ်မှစတင် ပြီး ဂျပန်နိုင်ငံက တိုမာဟော့ခ်ဒုံးကျည် ၂၀၀ စင်း ဝယ်ယူဖို့ ဂျပန်နဲ့ အမေရိကန် ကာကွယ်ရေးအကြီးအကဲတွေက အောက်တိုဘာလအတွင်း သဘောတူခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်က တိုကျိုမြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ဂျပန် ကာကွယ်ရေးဝန်ကြီး ကီဟာရာမီနိုရူနဲ့ အမေရိကန်သံအမတ်ကြီး ရာဟင်းအီမန်နျူ ရယ်လ်တို့က မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူတွေရဲ့ ကြိုးပမ်းမှုတွေကြောင့် အမေရိကန်နိုင်ငံအနေနဲ့ အောက်တိုဘာလ သဘောတူညီချက်ကို သုံးလအတွင်း စတင်နိုင်ကြောင်း ကီဟာရာက ပြောပါတယ်။

တိုမာဟော့ခ်ဒုံးကျည်တွေကို ဝယ်ယူရာမှာ ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံနဲ့ အေးဂျိဒုံးကျည်စနစ်တွေ တပ်ဆင်ထားတဲ့ ဂျပန်စစ်သင်္ဘောတွေမှာ တိုမာဟော့ခ်ဒုံးကျည်တေွ တပ်ဆင်ဖို့ ဒေါ်လာ သန်း ၅၇၀ ကုန်ကျမယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်မတိုင်မီ စစ်သင်္ဘောတွေမှာ တိုမာဟော့ခ်ဒုံးကျည်တွေ တပ်ဆင်တာ ပြီးစီး အောင်လုပ်ဆောင်ဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။

ကိုးကား – NHK
Ref; Japan signs contract to purchase 400 Tomahawk cruise missiles from US

#Ayeyarwaddy_Times