
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
ပြီးခဲ့တဲ့အပတ်ကတည်းက ဆက်လက်ဖြစ်ပွားနေတဲ့ အလွန်အမင်း ရာသီဉတု အေးမြမှုကြောင့် အမေရိ ကန်နိုင်ငံတစ်ဝှမ်း လူသေဆုံးမှု ၄၀ ဖြစ်စေခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံအနှံ့အပြား အအေးလှိုင်းကြောင့် အပူချိန်နိမ့်ကျခြင်း၊ ဆီးနှင်းထူထပ်စွာကျရောက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ လမ်းမကြီးများပေါ်ရေခဲခြင်းတို့ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူတွေက သ တိပေးနေပါတယ်။
အအေးလှိုင်းကြောင့် လူသေဆုံးမှုများမှာ နယူးယောက်၊ အီလီနွိုက်စ်နဲ့ အော်ရီဂွန်ပြည်နယ်တို့မှာ အဓိက ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အော်ရီဂွန်ပြည်နယ်၊ ပို့လန်မြို့မှာ ဗုဒ္ဓဟူးနေ့က နှင်းမုန်တိုင်းတိုက်ခတ်နေစဉ် ကားတစ်စင်းအပေါ် ဓာတ် တိုင်တစ်တိုင် လဲကျခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ လူ ၃ ဦးစလုံး မော်တော်ကားအပြင်ဘက်ကို ရောက်ရှိချိန်မှာ ဓာတ်လိုက်သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ ပို့လန်မြို့တော် မီးသတ်ဌာနက ပြောပါတယ်။
လမ်းမကြီးများပေါ် နှင်းအစိုင်အခဲတွေကျရောက်နေတာကြောင့် လက်ရှိအချိန် ပို့လန်မြို့တော်မှာ လမ်း လျှောက်ဖို့တောင် လမ်းကို ကောင်းကောင်း မမြင်ရဘူးလို့ သတင်းတွေက ဖော်ပြပါတယ်။
အီလီနွိုက်စ်ပြည်နယ်မှာ ရာသီဉတု အလွန်အမင်း အေးမြမှုကြောင့် မော်တော်ကားအချို့ ဘက်ထရီအား ကုန်သွားခဲ့ရာ ဓာတ်အားဖြည့်စခန်းတွေမှာ ကားအချို့ ပိတ်မိတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံရှိ ဒေသအချို့မှာ ဆီးနှင်းထူထပ်စွာကျဆင်းတာ၊ လမ်းမကြီးတွေ ပေါ် နှင်းထူထပ်စွာကျဆင်းတာတွေ ဖြစ်ပေါ်မယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူတွေက သ တိပေးပါတယ်။
ကိုးကား – NHK
Ref; Extreme cold in US causes 40 deaths, US media say