
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်
အရှေ့ပိုင်းကမ်းရိုးတန်းအလွန် ရေပိုင်နက်အတွင်း ရေအောက် နျူကလီးယားလက်နက်တစ်မျိုး စမ်းသပ် ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ပူးတွဲ ရေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ရေအောက် နျူကလီးယားလက်နက် စမ်းသပ်မှုပြုလုပ်ခဲ့တာလို့ မြောက်ကိုရီးယားက ဆိုပါတယ်။
ရေအောက် နျူကလီးယားလက်နက် စမ်းသပ်မှုကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြတဲ့ ကြေညာ ချက်မှာ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်က အရေးပါသော Haeil-5-23 လက်နက်စနစ် စမ်းသပ်မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
စမ်းသပ်မှုဟာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့တဲ့ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့ရဲ့ ၃ ရက်ကြာ ပူးတွဲ စစ် ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်တာလို့လည်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နိုင်ငံရဲ့ နျူကလီးယားစမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ မဟာမိတ်ရေတပ်တွေရဲ့ ရန်လိုသော စစ်ရေးလေ့ကျင့်မှုတွေကို ဟန့်တားဖို့ ပင်လယ်ရေ ကြောင်းနဲ့ ရေအောက်တုံ့ပြန်မှုလုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဧပြီလအတွင်း ရေအောက် နျူကလီးယားဒရုန်းတွေ စမ်းသပ်ရာမှာ ပစ်မှတ်ဧရိယာ အတွင်းရှိ ထိပ်ဖူးတွေကို အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; N.Korea claims it tested underwater nuclear weapons system