ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၀ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ ( ဇန်နဝါရီ ၁၉ ရက်နေ့ ) တွင် ထိုင်းဘတ်ငွေသန်း ၅၀ ထုတ်ရောင်းချိန်တွင် ဘတ်ဈေးတက်သွားကြောင်း နိုင်ငံခြားငွေလွှဲ ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဗဟိုဘဏ်က ထိုသိုသို့ထုတ်ရောင်းချိန်တွင် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် ရောင်းဈေးကျပ် ၉၉ ရှိရာမှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ၉၉ ဒသမ ၂ ကျပ်စျေးတက်ခဲ့ပြီး ဝယ်ဈေး ၉၇ ဒသမ ၂ ကျပ် ရှိရာမှ ၉၇ ဒသမ ၅ ကျပ်ဖြင့် အနည်းငယ်ဈေးတက်ခဲ့ကြောင်း စျေးကွက်းအတွင်းက သိရသည်။

“ဗဟိုဘဏ် တစ်ခုခုလုပ်လိုက်ရင် စျေးတက်တာပဲများတယ်။ ဈေးပြန်ကျ၊ မကျ ခန့်မှန်း မရဘူး” ဟု ထိုင်းငွေလွဲလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ကျပ်ငွေနှစ်သောင်း တန်ထွက်မည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ပြီး နောက်တွင် ထိုင်းတစ်ဘတ်လျှင် ကျပ်တစ်ရာ(၁၀၀)အထိ မြင့်တက်သွားပြီး ပြန်ကျသော်လည်း ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၇ မှ ၉၉ ကျပ်ကြားတွင် သာ ဆက်လက်တည်ရှိနေကြောင်း ထိုင်း‌ငွေလွဲဈေးကွက်အတွင်းက သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်ပြီး စက်မှုကုန်ကြမ်း၊ လူသုံးကုန်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် အထည်အလိပ်များ တင်သွင်းလျက်ရှိသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ မှဇန်နဝါရီ ၁၆ရက် နေ့ထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၆၀ သန်း နှင့် သွင်းကုန် ကန်ဒေါ်လာ ၁၅ ဒသမ ၈၂၃ သန်း ကုန်သွယ်မှုပမဏရှိကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ဗဟိုဘဏ် #ထိုင်းဘတ်ငွေသန်း၅၀ထုတ်ရောင်း #ဘတ်ဈေးတက် #Ayeyarwaddy_Times