ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးပို့ ကတိပြုခဲ့ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ရေး တိုးမြှင့်လုပ်ဆောင်ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ထိုင်းမီဒီယာတွေက ဒုတိ ယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဒီဒါနူကာရာကို ကိုးကားပြီး ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှု တိုးမြှင့်ရေးမှာ အာဆီယံအ ဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ တက်ကြွသော အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေတယ်လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့ တော်မှာပြုလုပ်တဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ပန်ပရီးက ပြောပါတယ်။

သဟဇာတဖြစ်မှုနဲ့ ငြိမ်းချမ်းသော နိုင်ငံရေးအဖြေရှာမှု ဖြစ်စေမယ့် စေ့စပ်ညှိနှိုင်းမှုတွေမှာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးပါဝင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ တိုင်းပြည်ကနေ ထွက်ပြေးလာခဲ့ပြီး ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို လိုအပ်သလို လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်တွင်းမှာ အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးပို့မယ့် နည်းလမ်းတွေရှာဖွေဖို့လည်း ထိုင်းအစိုးရက မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

မြန်မာနဲ့ဒေသတွင်း တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေး မြှင့်တင်ဖို့အတွက် ခေါင်းဆောင်အနေ နဲ့ ဒီနှစ်အာဆီယံအဖွဲ့ရဲ့ဉက္ကဌ အခန်းကဏ္ဍကို တွန်းအားပေးဖို့ ထိုင်းအစိုးရက လာအိုကို ပံ့ပိုးကူညီမယ်လို့ သူက ကတိပြုပါတယ်။

ကိုးကား – VNA
Ref; Thailand to work with ASEAN to help Myanmar

#Ayeyarwaddy_Times