ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်

စစ်ကောင်စီရဲ့ အကျဉ်းသားလေးဦး ကွက်မျက်မှုကို ကန့်ကွက်ဖို့ မနေ့က မြန်မာသံရုံး အကြီးတန်းသံတ မန်တစ်ဦးကို ဆင့်ခေါ်ခဲ့တယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က ကြိုးပေးကွက်မျက်မှုအကြောင်း တွစ် တာလူမှုကွန်ရက်မှာ ရေးသားပြီးတဲ့နောက် ဘာလင်မြို့တော်ရှိ မြန်မာသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဂျာမနီနိုင်ငံက စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦး ကြိုးပေးကွက်မျက်မှုကို အပြင်းထန်ဆုံး ရှုတ် ချပြီး သေဒဏ်ပြန်ကျင့်သုံးဖို့ ပယ်ဖျက်ပေးဖို့နဲ့ အကြမ်းဖက်မှု၊ နှိပ်စက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်တာဟာ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဒီမို ကရေစီမျှော်မှန်းချက်တွေကို စစ်ကောင်စီက မထီမဲ့မြင်ပြုတာလို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့အပတ်အတွင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့တဲ့ ကြိုးပေးကွက်မျက်မှုက ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံရဲ့ ပ ထမဆုံး သေဒဏ်ဖြစ်ပြီး အထီးကျန်ပြီးဖြစ်တဲ့ စစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ တောင်း ဆိုမှုတွေ ဖြစ်လာစေပါတယ်။

ကြိုးပေးကွက်မျက်ခံရသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုး ဇေယျာသော်နဲ့ ထင်ရှားတဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုဂျင်မီတို့လည်း ပါဝင်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီက သေဒဏ်ပေးမှုနဲ့ပတ်သက်လို့ နိုင်ငံ တကာရဲ့ရှုတ်ချမှုကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး ကြိုးပေးခံရတဲ့အကျဉ်းသားတွေဟာ သေဒဏ်အကြိမ်ကြိမ်ပေးဖို့ ထိုက်တန်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

ကိုးကား – AFP
Ref; Germany summons Myanmar diplomat over executions