ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်

အမေရိကန်နိုင်ငံကို နျူကလီးယားလက်နက်နဲ့တုံ့ပြန်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ကိုရီးယားနိုင်ငံ ခေါင်း ဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခဖြစ်ဖို့ အပြည့်အဝ အဆင်သင့်ဖြစ်နေပြီလို့ ကိုရီးယားစစ်ပွဲ နှစ်ပတ်လည်ပွဲအခမ်းအနားမှာ ကင်ဂျုံအန်က မိန့်ခွန်းတစ်ခုအတွင်း ထည့်သွင်းပြောကြားခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံက ခုနှစ်ကြိမ်မြောက် နျူကလီး ယားစမ်းသပ်မှု ပြုလုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ စိုး ရိမ်မှုတွေရှိနေစဉ်မှာ ကင်ဂျုံအန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဘယ်အချိန်မဆို နျူကလီးယားစမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်တယ်လို့ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ၂၀၁၇ ခုနှစ်မှာ လုပ်ဆောင်ခဲ့ တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အတွင်း မကြုံစဖူး ဒုံးကျည်ပစ်လွှတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီး ယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဆန်ကင်က ပြောပါတယ်။

အမေရိကန်နိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံက ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့ အရေးပေါ်တာဝန် အောင်မြင်ခဲ့တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေကို ရန်စမှုအဖြစ် အမေရိကန်နိုင်ငံက အမြင်မှားခဲ့တယ်လို့ သူက ဆိုပါတယ်။

တိုက်ခိုက်မှုတစ်ခုဖြစ်လာပါက ကြိုတင်တိုက်ခိုက်မှုများပြုလုပ်ခြင်းဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုကို လက်တုံ့ပြန်မယ့် အစီအစဉ်တစ်ခု ပြန်လည်အသက်သွင်းဖို့ တောင်ကိုရီးယားနိုင်ငံက လုပ်ဆောင်နေပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်
ကိုးကား – BBC
Ref; Kim Jong-un says North Korea ready to mobilise nuclear forces