မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာမှ ဖမ်းဆီးသွားသည့်ပြည်သူ လေး ဦးကို စစ်ကောင်စီတပ်က ရက် ရက်စက်စက် ခုတ်ထစ်ပြီးသတ်ဖြတ် မီးရှို့ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က အင်အား ၈၀ ပါ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် မဲအိုးရွာအတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်ကာ ဒေသခံပြည်သူ ၁၅ ဦးကို လက်ပြန်ကြိုးတုပ်၍ လက် ယက်ကုန်းရွာအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဘီလူးစစ်ကြောင်းဟု ကြွေးကြော်ထားကာ ခမရ ၇၀၈ မှ တပ်သားများဖြစ်ပြီး မဲအိုးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် ဒေသ ခံပြည်သူ ၁၅ ဦးထဲမှ လေး ဦးကို လက်ယက်ကုန်းရွာထဲ တွင် ဆက်လက်ဖမ်းဆီးထားပြီး ကျန်သူများကိုပြန် လည်လွှတ်ပေးလိုက်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“လက်ယက်ကုန်းထဲကို ၁၅ ဦးဖမ်းသွားတာ။ လေးဦးကို ဆက်ဖမ်းထားပြီးတော့ ကျန်တဲ့လူတွေကိုတော့ ပြန် လွှတ်ပေးလိုက်တယ်။ ဖမ်းခံရတဲ့လူတွေဆီက ရွှေ၊ငွေနဲ့ လက်၀တ်လက်စားတွေကို အကုန်ယူထားလိုက်တယ်”ဟု ဒီပဲယင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါဖမ်းဆီးသတ်ဖြတ်ခံရသူများတွင် သုံးဦးမှာ အမျိုးသား ဖြစ်ပြီး တစ် ဦးမှာ အမျိုးသမီးဖြစ်ကြောင်း သိရပြီး စစ်ကောင်စီတပ်က အမျိုးသား သုံးဦးကို ခေါင်း၊ ခြေနှင့် လက်တို့ကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးကို မဖွယ်မရာပြုကျင့်နှိပ်စက်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့တွေ စစ်ကောင်စီစစ်ကြောင်း ရေဦး မြို့ထဲရောက်သွားတဲ့အချိန်မှာ ရွာထဲကို ၀င်ပြီးကြည့် တော့ အလောင်းတွေကိုတွေ့တာ။ တစ်စစီခုတ်ထစ်ပြီး နေရာအနှံ့ပစ်ထားတာ။ အမျိုးသမီးအလောင်းကို နှိပ် စက်တဲ့နေရာကနေ တရွတ်စွဲခေါ်လာပြီး မီးရှို့မယ့်အိမ်ထဲကို ပစ်ထည့်ပြီး သတ်ထားတာ။ ဆွဲသွားတဲ့ စွပ် ကြောင်းရာကြီးတွေ့ရတဘ် “ဟု ဒီပဲယင်းမြို့နယ်ရှိ တော်လှန် ရေးတပ်ဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

မဲအိုးရွာမှဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ ကိုဇော်၀င်း၊ ကိုအောင်မြင့်ကျော်၊ ကိုထွန်းနှင့် အမျိုးသမီးမှာ မျက်နှာကို မီးလောင်ကျွမ်းသွားခြင်းကြောင့် အတည် ပြုရန်ခက်ခဲသော်လည်း အ၀တ်အစားများအရ မခင်နှင်းဌေး ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လက်ယက်ကုန်းရွာမှတစ်ဆင့် ရေဦးမြို့နယ်တောင် ဘက်ခြမ်းရှိ ဇိန့်ဇွန်းရွာနှင့် ပိဋိကတ်ကျရွာတို့တွင် အဖွဲ့ခွဲ၍ အထိုင်ချထားပြီး အနီး၀န်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟုဆို သည်။

#စစ်ကိုင်း #ဒီပဲယင်း #မဲအိုး #လက်ယက်ကုန်း #စစ်ကောင်စီ #ဒေသခံလေးဦးဖမ်းဆီးသတ်ဖြတ်
#Ayeyarwaddy_Times