ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်တေးထံ ဝမ်းမြောက် ဂုဏ်ယူကြောင်း သ၀ဏ်လွှာပေးပို့မှုကို တရားဝင် ကန့်ကွက်ဖို့ တရုတ်နိုင်ငံက ဇန်နဝါရီလ ၁၆ ရက်မှာ ဖိလစ်ပိုင်သံ အမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အာဏာရပါတီ DPP ရဲ့ ကိုယ်စားလှယ်လောင်း လိုင်ချင်တေး ထိုင်ဝမ်ရွေးကောက်ပွဲမှာ ဂုဏ်ပြုကြောင်း ဖာဒီနန်မားကို့စ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ဆိုပါ တယ်။

ဖာဒီနန်မားကို့စ်ရဲ့ ရေးသားချက်က ဖိလစ်ပိုင်နိုင်ငံရဲ့ ‘တရုတ်တစ်နိုင်ငံတည်း’ မူဝါဒကို ပြင်းထန်စွာ ချိုး ဖောက်ရာကျပြီး တရုတ်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုတစ်ခုလို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ပေကျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ ‘မီးနဲ့မကစား’ ဖို့နဲ့ ထိုင်ဝမ်ကျွန်းပေါ်ရှိ ခွဲထွက်ရေးအင် အားစုတွေကို မှားယွင်းသော အချက်ပြမှုတွေ ရပ်တန့်ဖို့ သူက သတိပေးလိုက်ပါတယ်။

ထိုင်ဝမ်အရေးကို ပိုမို ကောင်းမွန်စွာ သိနားလည်ဖို့နဲ့ မှန်ကန်သော သုံးသပ်ချက်တွေပြုလုပ်နိုင်ရေး စာ တွေ ပိုဖတ်ဖို့လည်း မော်နင်က ဖာဒီနန်မားကို့စ်ကို တိုက်တွန်းလိုက်ပါတယ်။

မော်စီတုန်းရဲ့ ကွန်မြူနစ်တွေက ချန်ကေရှိတ်ခ်ရဲ့ တပ်ဖွဲ့တွေကို တရုတ်ပြည်မကြီးကနေ မောင်းထုတ်ခဲ့ တာကြောင့် ထိုင်ဝမ်ကျွန်းပေါ် အခြေချခဲ့တဲ့ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ် ပြီးဆုံးချိန်ကတည်းက ထိုင်ဝမ်ဟာ သီးခြားရပ်တည်ခဲ့တာပါ။

စစ်ရေးအရ လွှဲပြောင်းရယူတာ အပါအဝင် လိုအပ်သောနည်းလမ်းတွေ အသုံးပြုပြီး ထိုင်ဝမ်ကို တရုတ် ပြည်မကြီးနဲ့ပြန်ပေါင်းမယ်လို့ တရုတ်နိုင်ငံက ကတိပြုထားပါတယ်။

ကိုးကား – VOA
Ref; China Warns Philippines ‘Not to Play With Fire’ Over Taiwan

#Ayeyarwaddy_Times