
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်
ပြင်သစ်နိုင်ငံက ယူကရိန်းသို့ ခရုဇ်ဒုံးကျည်တွေ၊ အခြားစစ်ရေးအကူအညီတွေ ထောက်ပံ့မယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်မေခရွန်က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က သမ္မတနန်းတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ယူကရိန်းသို့ စစ်လက်နက် တွေ ထောက်ပံ့မယ့်အကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့တာပါ။
သူက ဖေဖော်ဝါရီလအတွင်း ယူကရိန်းနိုင်ငံသို့သွားရောက်ကာ နှစ်နိုင်ငံ လုံခြုံရေဆိုင်ရာ သဘောတူညီ ချက်တစ်ရပ် အပြီးသတ် လက်မှတ်ရေးထိုးကြောင်း ကြေညာမယ်လို့ မေခရွန်က ဆိုပါတယ်။
ပြင်သစ်နိုင်ငံဟာ လာမယ့်သီတင်းပတ်တွေအတွင် ယူကရိန်းသို့ SCALP တာဝေးပစ်ခရုဇ်ဒုံးကျည် ၄၀ ခန့် နဲ့ ရာနဲ့ချီသောဗုံးတွေ ပေးအပ်မယ်လို့ မေခရွန်က ပြောပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ယူကရိန်းအရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ ယူကရိန်းသို့ ရေရှည် လုံခြုံရေးအကူအညီတွေ ထောက်ပံ့ပေးဖို့ သဘောတူခဲ့ပါတယ်။
အဆိုပါကြေညာချက်ကို အခြေခံပြီး ဗြိတိန်နိုင်ငံဟာ သောကြာနေ့က ယူကရိန်းနိုင်ငံနဲ့ လုံခြုံရေးဆိုင် ရာ သဘောတူညီချက်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံ ၃၀ ခန့်နဲ့ အလားတူ သဘောတူညီချက်မျိုး လက်မှတ်ရေးထိုးဖို့ စေ့စပ်ညှိနှိုင်းနေတယ် လို့ ယူကရိန်းနိုင်ငံက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; France to deliver cruise missiles to Ukraine, sign security deal