ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

တရုတ်ပိုင်နက်မှ ခွဲထုတ်ကာ ထိုင်ဝမ်လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ မည်သူ့ကိုမဆို သမိုင်းနဲ့ဉပဒေက အ ပြစ်ပေးလိမ့်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတိပေးလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကခရီးစဉ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အီဂျစ်နိုင်ငံသို့သွားရောက်တဲ့ ခရီးစဉ် အတွင်း သူက တနင်္ဂနွေနေ့မှာ အခုလို ပြောကြားခဲ့တာပါ။

စနေနေ့ကပြုလုပ်တဲ့ ထိုင်ဝမ် သမ္မတရွေးကောက်ပွဲဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသာဖြစ်တယ်လို့ ဝမ်ယိက ဆိုပါတယ်။

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲရလဒ်တွေက တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ အခြေခံ ပကတိအရှိတရားကို မပြောင်းလဲစေဘူးလို့ သူက ဆိုပါတယ်။

ဝမ်ယိက တရုတ်ဆန့်ကျင်ရေးသမား ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်တေးကို အမည်တပ်ပြီး ပြော ကြားခဲ့တာမရှိပါဘူး။

ရွေးကောက်ပွဲမတိုင်မီ သူ့ရဲ့ အတိတ်ကာလ မှတ်ချက်စကားတွေကြောင့် တရုတ်အာဏာပိုင်တွေက လိုင် ချင်တေးကို ‘ခွဲထွက်ရေးဝါဒီ’ လို့ ခေါ်ဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေးကို တစ်ဖြည်းဖြည်း အောင်မြင်ကာ ထိုင်ဝမ်ကို တရုတ်ပြည်မကြီး နဲ့ ပြန်ပေါင်းမယ်လို့ ဝမ်ယိက ပြောပါတယ်။

ကိုးကား – NHK
Ref; Chinese FM: Anyone pursuing Taiwan independence will be punished

#Ayeyarwaddy_Times