မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၈ ရက်

စစ်ကောင်စီတပ်များသည် ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးမှုများ၊ တပ်စခန်းသိမ်းခံရမှုများပြားနေသည့်အတွက် တပ်မမှူး၊ တပ်ရင်းမှူးများက တိုက်ပွဲအတုများဖန်တီး၍ စခန်းကို စွန့်ခွာထွက်ပြေးမှုများရှိကြောင်း သိရသည်။

တိုက်ပွဲတုဖန်တီးမှုများတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည် တောင်ဗျူဟာကုန်း (တင်းမဗျူဟာကုန်း)ကို ကွပ်ကဲနေသည့် တပ်မ (၁၁) ဗျူဟာမှူးသည် စခန်းကို စွန့်ခွာထွက်ပြေးလာသည့်အတွက် နေပြည်တော်တွင် ၎င်းကို ဖမ်းဆီးထားကြောင်း စစ်ရေးဆိုင်ရာ တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ရခိုင်ခွင်မှာ ဗျူဟာကုန်းကိုထားခဲ့ပြီး ပြန်ပြေးလာတဲ့ ဗျူဟာမှူး၊ ၀ငျတိုကျခံနရေပွီဆိုပွီး လက်နက်ကြီးတွေနဲ့ ဟိုပစ်ဒီပစ်လုပ်ပြပြီး ပြန်ပြေးလာတာ။ ဆုတ်မိန့်မရဘဲပြန်လာတော့ အထက်ကဖမ်းထားတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြော သည်။

အဆိုပါ တောင်ရှည်တောင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၂၉ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

တောင်ရှည်တောင်ဗျူဟာကုန်းစခန်းကို သိမ်းပိုက်ရရှိပြီးချိန်တွင် စခန်းတစ်ခုလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးတစ်ယောက်မကျန်လက်နက်ချအညံ့ခံခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျဆုံးမှုများလာသည့်အတွက် တိုက်ပွဲကို ဦးဆောင်နေသည့် တပ်မ(၁၁) ဗျူဟာမှူးသည် စခန်းကို စွန့်ခွာထွက်ပြေးလာခြင်းကြောင့် ယခုကဲ့သို့ စစ်ကောင်စီက ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြို့၊ အင်းတိုင်အခြေစိုက် တပ်မ(၁၁) ဗျူဟာမှူးကို အမိန့်မရဘဲ စခန်းကိုစွန့်ခွာမှု၊ တိုက်ပွဲအတုဖန်တီးမှုများဖြင့် စစ်ကောင်စီက နေပြည်တော်၌ ဖမ်းဆီး ချုပ် နှောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပုံစာ- ၂၀၂၃ ခုနှစ်တွင် တပ်မ ၁၁ မှ ရှေ့တန်းပြန်စစ် သားများကို ဂုဏ်ပြုကြိုဆိုနေပုံ(ပုံဟောင်း) ၊ တောင်ရှည် တောင်ဗျူဟာကုန်း ကို AA မှ သိမ်းပိုက်ထားစဉ်
#စစ်ကောင်စီ #ဗျူဟာမှူး #တိုက်ပွဲအတု #ဖန်တီး #စခန်းစွန့်ခွာထွက်ပြေး #နေပြည်တော် #ဖမ်းဆီးထား #Ayeyarwaddy_Times