ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရတ်နိုင်ငံရှိ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ရဲ့ အခြေစိုက်စခန်း တစ်ခုကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသရှိ အစ္စရေးသူလျှိုအဖွဲ့ မောဆတ်ဌာနချုပ်ကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တယ် လို့ အီရန် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တဲ့ ကြေညာချက်တစ်ရပ်က ဆိုပါတယ်။

တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးတွေ၊ တော်လှန်ရေးတပ်ဉီးကို လုပ်ကြံခဲ့တာကြောင့် ဇီယွန်ဝါဒီအ စိုးရကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်က ပြောပါတယ်။

အစ္စရေး မောဆတ်ထောက်လှမ်းရေးဌာနချုပ်ကို တိုက်ခိုက်တဲ့နေရာလို့ ယူဆရတဲ့ ရုပ်သံဖိုင်တွေထဲမှာ မီးခိုးငွေ့တွေ ထွက်ပေါ်လာတာကို မြင်တွေ့ရပါတယ်။

ဒီဇင်ဘာလအတွင်း အစ္စရေးနိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ အခြားနည်းလမ်းတွေကြောင့် ဆီးရီးယားနိုင်ငံ မှာ တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ စစ်ဘက်အကြံပေးအဖြစ် တာဝန်ယူနေတဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဉီးနဲ့ အ ခြားနှစ်ဉီး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံကို လက်တုံ့ပြန်မယ်လို့ အီရန်နိုင်ငံက အရိပ်အမြွက်ထုတ်ဖော် ပြောခဲ့ပါတယ်။

အီရန်နိုင်ငံက ဂါဇာကမ်းမြောင်အရေးနဲ့ပတ်သက်ပြီး အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်ကို ထောက်ခံပြီး အစ္စရေး နိုင်ငံအပေါ် ပိုပြီး ရန်လိုလာပါတယ်။

အစ္စရေးနဲ့အီရန်ကြား လက်တုံ့ပြန်တိုက်ခိုက်မှုတွေ မြင့်တက်လာနိုင်တာနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့် တက်နေပါတယ်။

ကိုးကား – NHK
Ref; Iran bombs Israel’s Mossad base in Iraq, reports Iran state media

#Ayeyarwaddy_Times