ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၇ ရက်

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တောင်ကိုရီးယားကို နံပါတ် ၁ ရန်အလိုဆုံးနိုင်ငံအဖြစ် သတ်မှတ်နိုင်ရေး အတွက် တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြော ကြားလိုက်ပါတယ်။

ပြည်သူ့ညီလာခံတက်ရောက်တဲ့ ကိုယ်စားလှယ်တွေကိုပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ကင်ဂျုံအန်က အခု လို မှတ်ချက်ပြုခဲ့တာလို့ မြောက်ကိုရီးယားအာဏာရပါတီရဲ့ အာဘော်သတင်းစာ ရိုဒေါင်ဆင်မွန်က ယနေ့ ဖော်ပြ ပါတယ်။

တောင်ကိုရီးယားက မြောက်ကိုရီးယားအစိုးရကို ဖြုတ်ချလိုတာကြောင့် ပြန်လည်ပေါင်းစည်းရေးမှာ မိတ် ဖက်တစ်နိုင်ငံအဖြစ် သတ်မှတ်ဖို့မသင့်ဘူးလို့ ကင်ဂျုံအန်က ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဉပဒေမှာ ပညာရေးအစီအစဉ်တွေကို ထည့်သွင်းဖော်ပြဖို့ သူက ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပြီး မြောက်ကိုရီးယားပြည်သူတွေက တောင်ကိုရီးယားနိုင်ငံကို နံပါတ် ၁ ရန်လိုသောတိုင်းပြည်၊ မ ပြောင်းလဲသော အဓိကရန်သူအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ပွဲဖြစ်ပွားရင် မြောက်ကိုရီးယားက တောင်ကိုရီးယား ကျူးကျော်သိမ်းပိုက်မယ်ဆိုတာကို ဖွဲ့ စည်းပုံအခြေခံဉပဒေမှာ ထည့်သွင်းဖော်ပြဖို့လည်း ကင်ဂျုံအန်က ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

အစည်းအဝေးမှာ ပြည်သူ့ညီလာခံက တောင်ကိုရီးယားနဲ့ ဆက်ဆံရေးဌာနတွေအဖြစ် ထမ်းဆောင်တဲ့ အဖွဲ့အစည်း ၃ ခုကို ဖျက်သိမ်းဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ဒီဇင်ဘာလကုန်က မိန့်ခွန်းတစ်ခုအတွင်း ကင်ဂျုံအန် ပြောကြားခဲ့တဲ့ ထုတ်ပြန် ချက်တွေနဲ့အညီ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ပြန်လည်ပေါင်းစည်းဖို့ အလားအလာရှိသော မိတ်ဖက်လို့ ထည့်သွင်းစဉ်းစားလို့ မရ တော့ဘဲ နှစ်နိုင်ငံကြားဆက်ဆံရေးဟာ ရန်လိုသောတိုင်းပြည်တွေဖြစ်လာခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; N.Korea to define S.Korea as ‘No.1 hostile nation’ in Constitution

#Ayeyarwaddy_Times