
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
အာဏာသိမ်းစစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျေမီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်နဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရတို့ကို စစ်ကောင်စီက သေဒဏ်ပေးတာနဲ့ပတ်သက်ပြီး ပုသိမ်အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ဇူလိုင်လ ၂၈ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာတော့ ကိုဂျေမီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်နဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေဖြစ်တဲ့ ကိုလှမျိုးအောင်၊ ကိုအောင်သူရတို့ကို စစ်ကောင်စီက သေဒဏ်ပေးမှုအပေါ် မိသားစုများ နဲ့ထပ်တူ ကြေးကွဲဝမ်းနည်းရတယ်လို့ ပထမပိုဒ်မှာ ထုတ်ပြန်ထားပါတယ်။
ခုလိုမျိုးလုပ်တာဟာ ဉပဒေမဲ့လုပ်ရက်ဖြစ်သလို စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ အပေါ် ရက်စက်စွာသတ်ဖြတ်တာတွေ နေအိမ်မီးရှို့တာတွေနဲ့ မတရားဖမ်းဆီးထောင်ချတာတွေကို လူ့အခွင့် အရေးချိုးဖောက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့ အာဏာတည်မြဲရေးကို ရှေ့ရှု့တဲ့ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းရာမှာ ပြည်သူအားလုံးအနေနဲ့ ပြတ်ပြတ်သားသား တွန်းလှန်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဧရာဝတီတိုင်းက ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်သူ့ခုခံစစ်မှာ ယခုထက်ပို အားသွန်းခွန်စိုက်ပါဝင်ကာ ပြတ်ပြတ်သားသားတော်လှန်ဖို့အတွက် အထူးတိုက်တွန်းထားပါသေးတယ်။
သူတို့အနေနဲ့လည်း ပြည်သူ့ခုခံစစ်မှာ တိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ EAOs များ၊ ဒေသ အလိုက် ပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားများအားလုံးနဲ့အတူ ထပ်တူရှိကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။