
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ပဲခူတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ပေပင်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမောင် ယနေ့ ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
မင်းလှမြို့နယ်၊ကြို့ကုန်းတာဆုံအနီးတွင် ၄င်းအား အမည်မသိလူတဦးက သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
” ဒီမနက် ၉ နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့သိရတယ်။ သူက NLD ပါတီဝင်တွေကိုအဓိကပစ်မှတ်ထားပြီး ဖမ်းတာ။ ဘာမှနိုင်ငံရေးမလုပ်လဲဖမ်းခိုင်းတယ်။ အမျိုးမျိုးဒုက္ခပေးနေတာ” ဟု မင်းလှမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မင်းလှမြို့နယ်၊ ပေပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအား သာယာဝတီခရိုင် PDF မှ ဇေယျာသော်စစ်ဆင်ရေးအဖြစ်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဇီးကုန်းPDF ကလည်း ထုတ်ပြန်ထားသည်။
ယမန်နေ့ကလည်း ရန်ကုန်မြို့ ဗိုလ်တထောင် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။