ဓာတ်ပုံ - ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်

စစ်ကောင်စီရဲ့ ရေတပ်မှ ဗိုလ်ကြီးတစ်ဦး ဘောလခဲ PDF ထံ ဆက်သွယ်ကာ CDM ပြုလုပ်ခိုင်လှုံလာတယ်လို့ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဗိုလ်ကြီးသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံသို့ Job For Kayah မှတဆင့် ဆက်သွယ်ကာ လာရောက်ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ဗိုလ်ကြီးမှာ ကျနော်တို့ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) မှ အစစအရာရာစီစဉ်မှုဖြင့် ယခုတွင်မူ လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်‌ရှိနေပြီဖြစ်တယ်လို့ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF)က သတင်းထုတ်ပြန်ထားပါတယ်။