
ဓာတ်ပုံ - လူမှုကွန်ရက်
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
သြဂုတ်လ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မန္တလေးတိုင်းအတွင်းရှိ တောင်ပြုံးပွဲတော်သို့ ပြည်သူများအနေဖြင့် သွားရောက်ပျော်ပါးခြင်းမပြုကြရန် မန္တလေးမြို့ပြပြောကြားမဟာမိတ်တပ်ပေါင်းစုမှ ထုတ်ပြန်ကြေငြာထားသည်။
ထုတ်ပြန်ချက်အား မလိုက်နာပဲ ပြည်သူများအနေဖြင့် မိမိသဘောဆန္ဒအရ တောင်ပြုံးပွဲတော်သို့ သွားရောက်၍ တစုံတခု ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်း ပေးနိုင်ခြင်း မရှိသည့်အတွက် ကြိုတင်အနူးအညွတ် တောင်းပန်အပ်ပါသည်ဟု ရေးသားထုတ်ပြန်ထားသည်။