
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ဒေသတွင်းရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ ဟန့်တားဖို့ခက်ခဲသော ဒုံးကျည်သစ်တစ်မျိုး စမ်းသပ်ပြီးနှစ်လအကြာ တနင်္ဂနွေနေ့က ပင်လယ်တွင်းသို့ သံ သယဖြစ်ဖွယ်ရာ တာလတ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဧပြီလအတွင်းပြုလုပ်မယ့် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲနဲ့ နို ဝင်ဘာလမှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲရလဒ်တွေကို သြဇာသက်ရောက်စေမယ့် နည်းလမ်းတစ်ခုအဖြစ် ရန်လိုသော ဒုံးကျည်စမ်းသပ်မှုတွေ အရှိန်မြှင့်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တနင်္ဂနွေနေ့နေ့လည်ပိုင်းက မြောက်ကိုရီးယားနိုင်ငံဘက်မှ အရှေ့ပိုင်းရေပြင်ကို ဉီးတည်လာတဲ့ တာ လတ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်များက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ သံသယဖြစ်ဖွယ်ရာ ပဲ့ထိန်းဒုံးကျည်ဟာ သမုဒ္ဒရာအတွင်း ကျရောက်သွားခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းနဲ့ ဂူအမ်ကျွန်းရှိ အမေရိကန် စစ်ဘက်စခန်းတွေကို တိုက်ခိုက်နိုင်တဲ့ တာလတ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာလအ တွင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဒီဇင်ဘာလ ၁၈ ရက်က အမေရိကန်ပြည်မကြီးအထိ တိုက်ခိုက်နိုင်တဲ့ ခေတ် အမီဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဟွာဆောင် ၁၈ ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မိမိတို့ရဲ့ တစ်ခုတည်းသောရန်သူဖြစ်ပြီး ရန်စကျူးကျော်လာရင် အမြစ်ပြတ် ဖယ်ရှားပစ်မယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်းခဲယမ်းမီးကျောက်စက်ရုံတွေကို သွားရောက်တဲ့ခရီးစဉ်အတွင်း မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ဇန်နဝါရီလ ၅ ရက်က အနောက်ပိုင်းရှိ အငြင်းပွား ပင်လယ်ရေပြင်နယ်စပ်အ နီး လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရာ တောင်ကိုရီးယားနိုင်ငံက အဆိုပါနေရာမှာ လက်နက်ကြီးပစ်ခတ်မှု တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ကင်ဂျုံအန်က တောင်ကိုရီးယား လစ်ဘရယ်တွေ ပြန်လည်သင့်မြတ်တာနဲ့ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရန့် ပြန်လည်ရွေးကောက်ခံစေချင်ပါတယ်။
အိမ်ဖြူတော်ကို ဒေါ်နယ်လ်ထရန့်ပြန်လာရင် မြောက်ကိုရီးယားနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေလိုမျိုး ဖြေ လျှော့မှုတွေ ရရှိနိုင်တယ်လို့ ကင်ဂျုံအန်က ယုံကြည်နေပါတယ်။
အမေရိကန်ဉီးဆောင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နျူကလီးယားတပ်ဖွဲ့ကို အင် အားတိုးချဲ့ကာ သူလျှိုဂြိုဟ်တုတွေ ထပ်မံ လွှတ်တင်မယ်လို့ ဒီဇင်ဘာလကုန်မှာပြုလုပ်တဲ့ အာဏာရပါတီရဲ့ အ ရေးပါတဲ့အစည်းအဝေးမှာ သူက ကတိပြုခဲ့ပါတယ်။
ကိုးကား – NPR
Ref; North Korea launches ballistic missile, thought capable of hitting distant US bases