ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇန်နဝါရီ ၁၆ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ သိုင်းငင်းတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

တီးတိန်မြို့နယ်၊ သိုင်းငင်တပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင်စုစုပေါင်း ရှစ် ဦးကျဆုံးခဲ့ကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

စစ်ကောင်စီဘက်က သိုင်းငင်းစခန်းမကျစေရေးအတွက်လေကြောင်းတိုက်ခိုက်မှုနှင့် ကလေးမြို့ဘက်မှ လက်နက်ကြီးပစ်ကူမှုများပြုလုပ်ခဲ့သော်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သိုင်းငင်းတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(KKG)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွာလ်ငိုးရမ်)၊ PDAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM Siyin)တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
]
ပုံစာ -သိုင်းငင်းတပ်စခန်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

#တီးတိန်မြို့နယ် #သိုင်းငင်းစစ်ကောင်စီတပ်စခန်း #ချင်းကာကွယ်ရေးပူးပေါင်းတပ် #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times
Boost