
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ထိုင်းအစိုးရက မြန်မာနိုင်ငံရှိ စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ဖို့နဲ့ မြန်မာ့ အရေး အဖြေရှာဖို့ စစ်ခေါင်းဆောင်၊ တိုင်းရင်းသားလူနည်းစုတွေတဲ့ ဆွေးနွေးမှုတွေ လက်ခံကျင်းပဖို့ စဉ်းစားနေ တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
ကာလကြာရှည်လာရင် ထိုင်းနိုင်ငံအတွက် သိသာသော ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့ မြန်မာနိုင်ငံ မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်းဟာ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘာဒီဒါနူကာရာ၊ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ် က ဆိုပါတယ်။
အိမ်နီးချင်းတိုင်းပြည်အနေနဲ့ ထိုင်းနိုင်ငံဟာ သာဗီဆင်းလက်ထက်မှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ခြင်းအားဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှ တစ်ဆင့် အရေးယူဖို့ စဉ်းစားနေတယ်လို့ အဆိုပါသတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး လအနည်းငယ်အကြာမှာ အာဆီယံအဖွဲ့က မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက် ၅ ရပ် အဆိုပြုခဲ့ပေမယ့် စစ်ကောင်စီနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု မရခဲ့ပါဘူး။
“ထိုင်းအစိုးရဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် စစ်ရှောင်တွေကို ကူညီရာမှာ မြန်မာစစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး ထိုင်းစစ်တပ်က လိုအပ်သော ပံ့ပိုးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်” လို့ ယင်းသတင်းရင်း မြစ်က ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ မြန်မာ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ရေး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အကူအညီ ပေးရေးစင်တာတစ်ခု တည်ဆောက်ဖို့ ပန်ပရီးက ဒီဇင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။
“ထိုင်းနိုင်ငံက မြန်မာ့အရေးကို လျှစ်လျူရှုမယ်ဆိုရင် လူတွေ သေဆုံးနေတာကို စောင့်ကြည့်ယုံသာမက လူမှောင်ခိုကူးမှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုလို စိန်ခေါ်မှုတွေ ဖြစ်စေနိုင်ပါ တယ်” လို့ Silpakorn တက္ကသိုလ်မှ ကထိကတစ်ဉီးဖြစ်သူ အနက်ခ်ချိုင်းက ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; PM readies aid for Myanmar