မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၂၁) ရပ်ကွက် စည်ပင်၀င်းအတွင်းတွင် ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက ဓာတ်မြေဩဇာကို သကြားထင်မှတ်ကာ ဆန်ပြုတ်ထဲမှားထည့်မိ၍ အစာဆိပ်သင့် သေဆုံးမှုနှင့် အောက်ဆီဂျင်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံတင်ထားရကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက စည်ပင်၀င်းအတွင်း ရောင်းချသည့်ဆန်ပြုတ်သည်က သကြားနှင့် ဓာတ်မြေဩဇာမှားယွင်းထည့်မိ၍ အသက် (၆၅) နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး သေဆုံးပြီး ကလေးငယ် ငါး ဦးမှာ အစာအဆိပ်သင့်၍ ကလေးဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံများ၏ပြော ဆိုချက်အရ သိရသည်။

“သူကစည်ပင်၀င်းထဲမှာ ရောင်းတာ။ ရောင်းနေရင်း သကြားကုန်တော့ သူ့ကိုကလေး တစ်ယောက်က လာပေးထားတဲ့ ဓာတ်မြေဩဇာထုပ်ကို သကြားထင်ပြီး စားတဲ့ သူတွေကို ထည့်ပေးမိတာ။ အဘွားကြီးက ချက်ချင်းသေတာ။ ကလေးတွေက ဆေးရုံမှာ အောက်ဆီဂျင်ပြတ်သွားကြတယ်”ဟု (၂၁) ရပ် ကွက်နေအမျိုး သမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဆန်ပြုတ်ရောင်းချသူ၏ ပြောဆိုချက်အရ ယင်းစည်ပင်၀န်းအတွင်းရှိ ကလေးငယ်တစ်ဦးက အမှိုက်ပုံမှ ဓာတ်မြေဩဇာထုတ်ကို သကြားထုတ် အမှတ်နှင့် ကောက်ယူလာပြီး ၎င်းကိုသကြားထုတ်ဟု ဆိုကာပေးသဖြင့် သကြားထင်မှတ်ပြီး ရောင်းချမိခဲ့ကြောင်း သိရသည်။

ဆန်ပြုတ်ရောင်းချသူကို သကြားဟုဆိုကာ ဓာတ်မြေဩဇာထုတ် လာပေးသည့် ကလေးငယ်မှာလည်း ဆန်ပြုတ် သောက်မိ၍ ဆေးရုံတင်ထားရကြောင်း သိရသည်။

#အမှိုက်ပုံမှကောက် #ဓာတ်မြေဩဇာ #သကြားထင်မှတ် #ဆန်ပြုတ်ထဲမှားထည့် #အဘွားအိုသေဆုံး #ကလေးငယ်၅ဦးအစာဆိပ်သင့် #Ayeyarwaddy_Times