မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ရှမ်းမြောက်တွင် နှစ်ဖက်တိုက်ပွဲများအပစ်အခတ်ရပ် စဲထားသော်လည်း မိုးကုတ်နှင့် လားရှိုးရှိစစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ နှစ်ဖက်တိုက် ပွဲများမပြုလုပ်ရန် အပစ်အခတ် ချက်ချင်းရပ်စဲရေး “ဟိုင်ဂင်သဘောတူညီမှုများ” သဘောတူခဲ့သော်လည်း မိုးကုတ်နှင့် လားရှိုးရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့အထိ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အထက်ညောင် ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီးဖြင့်ပစ် ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်ကလည်း ယမန်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် (TNLA) တည်ရှိရာ နားကွမ်းကျေးရွာ အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် လေးကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် မူဆယ်မြို့သို့လည်း ထောက်ပို့ယာဉ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲ ယမ်းများ လာရောက်ဖြည့်တင်းထားကြောင်း သိရသည်။

#ရှမ်းမြောက် #မိုးကုတ် #လားရှိုး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #တိုက်ခိုက် #Ayeyarwaddy_Times