ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ယူကရိန်း ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ကြေညာလိုက်ပါတယ်။

စစ်ရေးအကူအညီကို ဧပြီလမှာစတင်မယ့် လာမယ့်ဘဏ္ဍာရေးနှစ်မှာ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေး မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဗြိတိန်က ယူကရိန်းနိုင်ငံသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ တာဝေးပစ်ဒုံးကျည်တွေ၊ ထောင်နဲ့ချီတဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ လက်နက်ကြီးကျည်တွေ၊ ရေကြောင်းလုံခြုံရေးကိရိယာတွေ ပါဝင်မယ်လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။

ယူကရိန်းခရီးစဉ်အတွင်း ရီရှီဆူနတ်ခ်က သမိုင်းဝင် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက် မှတ်ရေးထိုးမှာဖြစ်ပြီး အဆိုပါ သဘောတူညီချက်က နှစ် ၁၀၀ သက်တမ်းရှိ မိတ်ဖက်ဆောင်ရွက်မှုအတွက် ပထမ ခြေလှမ်း ဖြစ်လာမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ရေးအကူအညီအနက် ကင်းထောက်၊ တာဝေးတိုက်ခိုက်ရေးဒရုန်းတွေ အပါအဝင် ယူကရိန်းနိုင်ငံအ တွက် ထောင်ချီတဲ့ဒရုန်းတွေ ဝယ်ယူ၊ ထုတ်လုပ်ဖို့ ဒေါ်လာ သန်း ၂၀၀ သုံးစွဲမယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ဖို့ သတ္တိရှိရှိ တိုက်ပွဲ ဝင်ခဲ့ပါတယ်” လို့ ရီရှီဆူနတ်ခ်က ယူကရိန်းခရီးစဉ်မတိုင်မီ ပြောကြားခဲ့ပါတယ်။

“အမှောင်မိုက်ဆုံးအချိန်နဲ့ ပိုမိုကောင်းမွန်လာတော့မယ့်အချိန်မှာ ကျွန်တော်တို့ ယူကရိန်းနိုင်ငံနဲ့အတူ ရပ်တည်ပါတယ်” လို့ သူက ဆိုပါတယ်။

ရီရှီဆူနတ်ခ်ဟာ ဝန်ကြီးချုပ်အဖြစ် အနိုင်ရရှိပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ယူကရိန်းနိုင်ငံသို့ ပထ မဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံပြီးရင် ဗြိတိန်ဟာ ယူကရိန်းသို့ ဒုတိယအများဆုံး စစ်ရေးအကူအညီပေးတဲ့ တိုင်းပြည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ထောက်ပံ့ခဲ့ပါတယ်။

ကိုးကား – Time
Ref; UK PM Rishi Sunak announces GBP 3.2 billion package during Ukraine visit

#Ayeyarwaddy_Times