
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
တရုတ်နိုင်ငံအလယ်ပိုင်း ပင်ဒင်ရှန်မြို့တော်မှာ ကျောက်မီးသွေးမိုင်းတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွား ပြီးနောက် လူ ၁၀ ဦး သေဆုံးကာ ခြောက်ဉီး ပျောက်ဆုံးနေတယ်လို့ ဒေသန္တရ အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ က ပြောပါတယ်။
ကျောက်မီးသွေးပေါကြွယ်ဝတဲ့ ဟီနန်ပြည်နယ်၊ ပင်ဒင်ရှန်ဒေသမှာ ဘေးအန္တရာယ်ကင်းရေး စစ်ဆေးမှု တစ်ခု ပြုလုပ်မှုကြောင့် ကျောက်မီးသွေးထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
ထိပ်တန်း ကျောက်မီးသွေးထုတ်လုပ်မှုဒေသဖြစ်တဲ့ ရှန်ဇီပြည်နယ်မှာ မတော်တဆမှုတွေကြောင့် လူသေ ဆုံးမှုတွေ သိသိသာသာ မြင့်တက်လာခဲ့လို့ တရုတ်အစိုးရအဖွဲ့က ဘေးအန္တရာယ်ကင်းရေး စစ်ဆေးမှုတွေ အရှိန် မြှင့်လုပ်ဆောင်ဖို့ ကတိပြုခဲ့တာကြောင့် တရုတ်နိုင်ငံမှာ ကျောက်မီးသွေးစျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
Pingdingshan Tianan Coal Mining ပိုင်ဆိုင်တဲ့ မိုင်းတွင်းတစ်ခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သော ကြာနေ့ ဒေသစံတော်ချိန် ၂ နာရီ ၅၅ မိနစ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့ ပင်ဒင်ရှန် အရေးပေါ် စီမံခန့်ခွဲရေး ဗျူရိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စနေနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ လူ ၁၀ ဦး သေဆုံးပြီး ၆ ဦး ပျောက်ဆုံးနေတယ်ဆိုတာ အ တည်ပြုနိုင်ခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ဖို့ အစီအစဉ်တွေကို လုပ်ဆောင်ကာ မတော်တဆမှုဖြစ်ပွားရတဲ့ အ ကြောင်းရင်းကို စုံစမ်းဖော်ထုတ်မယ်လို့ အရေးပေါ် စီမံခန့်ခွဲရေးဗျူရိုက ပြောပါတယ်။
မတော်တဆမှုဖြစ်ပွားချိန်မှာ မြေအောက်၌ လူ ၄၂၅ ဦး အလုပ်လုပ်နေတယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
ကိုးကား – Reuters
Ref; China coal mine accident kills at least 10, prompts safety checks