
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ကိုးကန့်အဖွဲ့ MNDAA နဲ့ မဟာမိတ်တွေက ဇန်နဝါရီလ ၄ ရက်မှာ လောက်ကိုင်မြို့ကို မထိန်းချုပ်မီ ပိတ် မိနေတဲ့ ထိုင်းနိုင်ငံသား ၅၄၉ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ လောက်ကိုင်မြို့မှာ လက်ရှိ ထိုင်းနိုင်ငံသားတွေ မရှိတော့ဘူးလို့ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာပတ်ထရာရာချိုကီက ပြောပါတယ်။
“သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံသား စုစုပေါင်း ၅၄၉ ဦးကို လောက်ကိုင်မြို့ပြင်ကို ဘေး အန္တရာယ်ကင်းစွာ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“ရန်ကုန်မြို့က ထိုင်းသံရုံးနဲ့ ကောင်စစ်ဝန်ရေးရာဉီးစီးဌာနက အခြေအနေကို စောင့်ကြည့်ဖို့နဲ့ အနီးအနား ကမြို့တွေမှာရှိတဲ့ ထိုင်းနိုင်ငံသားတွေကို အကူအညီပေးအပ်နိုင်ရေး Focus ဖောင်ဒေးရှင်း၊ Immanuel ဖောင်ဒေး ရှင်းတို့နဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပတ်စဉ်ရှင်းလင်းပွဲမှာ သူ က ပြောပါတယ်။
အိမ်နီးချင်းတိုင်းပြည်တွေမှာ ပုံမှန်မဟုတ်တဲ့ မြင့်မားတဲ့လစာပေးမယ်ဆိုတဲ့ အလုပ်အကိုင်တွေနဲ့ ကမ်း လှမ်းလာရင် ဒေသခံတွေ သတိထားကြဖို့ ကောင်စစ်ဝန်ရေးရာဉီးစီးဌာနဟာ ချင်းရိုင်ပြည်နယ်၊ မယ်ဖာလောင် တက္ကသိုလ်၊ Focus Foundation တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ကန်ချာနာက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက် ပိုင်း လောက်ကိုင်မှာပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား – Bernama
Ref; Thailand evacuates 549 Thais stranded in Myanmar’s Laukkaing