
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ချင်းပြည်နယ်၊ ပလက်၀ဒေသတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်ဗျူဟာခစန်းတစ်ခုဖြစ်သည့် ခန်ခတောင် ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း လည်း ပလက်၀ကျောက်တော်အစပ်တွင်ရှိသော မီး၀ဗျူဟာကုန်းတစ်ခုလုံးကို AA က အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ရယူနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်းတွင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များရှိ အရပ်သားပြည်သူ များကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနှံ့အပြားတွင် စစ်ကောင်စီက အရပ်သားပြည်သူလူထု သွားလာရာ နေရာများအပါအ၀င် ရပ်ရွာသာသနိကအဆောက် အအုံများနှင့် စာသင်ကျောင်းများတွင် စွန့်လွှတ်မိုင်းများထောင်ထားသည့် လုပ်ရပ်များသည် ဂျနီဖာကွန် ဗန်းရှင်းကို ချိုးဖောက်ပြီး စစ်ရာဇ၀တ်မှုကျူးလွန် နေကြောင်း ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားသည်။
ထို့အပြင် AA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသည့် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင်လည်း စစ်ကောင်စီနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ များ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ထီး ချိုင့်မြို့ပေါ်ရပ်ကွက်များသို့ လေကြောင်းတိုက်ခိုက်မှု များအပြင်းအထန် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ-ဇန်နဝါရီ လဆန်းပိုင်းတွင် AA က သိမ်းယူခဲ့သည့် ပလက်၀ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုအား တွေ့ရစဉ်
#ပလက်ဝ #ခန်ခတောင်ဗျူဟာစခန်း #မီးဝဗျူဟာကုန်း #ရခိုင့်တပ်တော်AA #သိမ်းပိုက်ရရှိ #Ayeyarwaddy– Times