
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
စနေနေ့ကပြုလုပ်တဲ့ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ လိုင်ချင်တေးက အနိုင်ရခဲ့ပေမယ့် သူ့ရဲ့ အာဏာရ DPP ပါတီက လွှတ်တော်တွင်း အမတ်နေရာအများစု ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
လိုင်ချင်တေးဟာ ဆန္ဒမဲတွေရဲ့ ၄၀ ရာခိုင်နှုန်း သို့မဟုတ် ဆန္ဒမဲ ၅ ဒသမ ၆ သန်းကျော် ရရှိခဲ့တယ်လို့ ရ လဒ်တွေက ပြသနေပါတယ်။
အကြီးမားဆုံး အတိုက်အခံ ကူမင်တန်ပါတီမှ ဟိုယူအီက ဆန္ဒမဲ ၄ ဒသမ ၇ သန်းနဲ့ ဒုတိယအကြီးဆုံး အတိုက်အခံ TPP မှ ကိုဝင်ဂျေးက ဆန္ဒမဲ ၃ ဒသမ ၇ သန်း ရရှိခဲ့ပါတယ်။
ထိုင်ဝမ်ရွေးကောက်ပွဲမှာ မဲပေးသူ ၇၁ ဒသမ ၈၆ ရာခိုင်နှုန်းရှိရာ လွန်ခဲ့သော ၄ နှစ် နောက်ဆုံးအကြိမ် ရွေးကောက်ပွဲထက် ဆန္ဒမဲပေးသူ ၃ ရာခိုင်နှုန်း လျှော့နည်းသွားခဲ့ပါတယ်။
လိုင်ချင်တေးက တရုတ်နဲ့ထိုင်ဝမ်ဟာ သီးခြားစီဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက် ဆွဲကိုင်ထားပြီး ပေကျင်း ကို အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမယ်ဆိုတဲ့ သမ္မတ ဆိုင်အင်ဝမ်ရဲ့ မူဝါဒတွေကို ဆက်လက် ကျင့်သုံးဖို့ ကတိပြုထားပါတယ်။
ရွေးကောက်ပွဲကို သြဇာလွှမ်းမိုးဖို့ ပြည်ပအင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေကို ထိုင်ဝမ်ပြည်သူတွေက ခုခံခဲ့ တယ်လို့ စနေနေ့ညပိုင်းကပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်ပွဲရ မိန့်ခွန်းတစ်ခုမှာ လိုင်ချင်တေးက ပြောပါတယ်။
လိုင်ချင်တေးက အနိုင်ရရှိတာကြောင့် DPP ဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ထိုင်ဝမ် သမ္မတရွေးကောက်ပွဲ မှာ ၃ ကြိမ်ဆက်တိုက် အနိုင်ရရှိတဲ့ ပထမဆုံး နိုင်ငံရေးပါတီဖြစ်ပါတယ်။ လိုင်ချင်တေးဟာ မေလအတွင်း သမ္မတ တာဝန် စတင်ယူမှာဖြစ်ပါတယ်။
စနေနေ့ကပြုလုပ်တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာတော့ ကူမင်တန်ပါတီက အမတ်နေရာ ၁၁၃ နေရာအ နက် ၅၂ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။
DPP က လွှတ်တော်အမတ်နေရာ ၅၁ နေရာ အနိုင်ရရှိခဲ့ပြီး ၁၁ နေရာ ရှုံးနိမ့်ခဲ့ကာ TPP က အမတ်နေရာ ၈ နေရာ အနိုင်ရရှိခဲ့ပါတယ်။
လွှတ်တော်အတွင်း အမတ်နေရာအများစု အနိုင်မရတာဟာ ပါတီအနေနဲ့ လုံလောက်တဲ့ကြိုးပမ်းမှုမရှိတာ ကို ပေါ်လွင်စေပြီး ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်ကို လေးစားသမှုရှိသင့်တယ်လို့ လိုင်ချင်တေးက ပြောပါ တယ်။
ကိုးကား – NHK
Ref; Lai wins Taiwan’s presidency, but his ruling DPP loses majority in parliament